Trending Now

လုပ်အားခမပေးလို့ မြန်မာလုပ်သား သားအဖသုံးဦးက ထိုင်းအလုပ်ရှင်မိသားစုလိုက်သတ်ပြီး ထွက်ပြေး

Spread the love

လုပ်အားခမပေးလို့ မြန်မာလုပ်သား သားအဖသုံးဦးက ထိုင်းအလုပ်ရှင်မိသားစုလိုက်သတ်ပြီး ထွက်ပြေး

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၃

ထိုင်းအလုပ်ရှင်က လုပ်အားခမပေးတဲ့အပြင် လိမ်တောင်းတယ်လို စွပ်စွဲတာကြောင့် မြန်မာအလုပ်သမား သားအဖသုံးဦးက အလုပ်ရှင်မိသားစု ၅ ဦးကို သတ်ပြီးထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

သားအဖသုံးဦးဟာ ချင်းတုံခရိုင်ရှိ အသတ်ခံရသူ မိသားစုရဲ့ ဂျင်းစိုက်ခင်းမှာ ၃နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့ကြပြီး မြန်မာနိုင်ငံကို ပြန်ဖို့ လုပ်အားခတောင်းရာမှာ အလုပ်ရှင်က လုပ်အားခ မရှင်းပေးတာကြောင့် အခင်းဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

သေဆုံးသွားသူတွေဟာ အသက် ၄၆ နှစ်အရွယ် မက်ပါတာနာခမ်း၊ ဇနီးဖြစ်သူ ဆိုင်းစာဝမ် နဲ့ ၃ လအရွယ် ကလေးငယ် ၁ ဦး၊ ၁၀ နှစ်ဝန်းကျင် ကလေးနှစ်ဦးဖြစ်ကြောင်း သိရပါတယ်။

အလောင်းငါးလောင်းကို ဝမ်ချောင်ခရိုင်ရှိ ကျေးရွာတစ်ရွာအနီးက နာခရီမြစ်အနီးမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သူတို့ခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာ နဲ့ ဓားဒဏ်ရာအများအပြားရရှိထားတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပေမယ့် လက်ရှိအချိန်အထိ လူသတ်မှုကျူးလွန်ခဲ့တဲ့ သားအဖသုံးဦးရဲ့ သတင်းကိုမရရှိသေးတဲ့အတွက် မြန်မာနိုင်ငံ မြဝတီဘက်ကို ထွက်ပြေးလွတ်မြောက်သွားမှာ စိုးရိမ်နေပါတယ်။

Ref; Police Fear Murderers of Family of 5 Fled to Myanmar

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။