Trending Now

မြစ်ကြီးနားခရိုင်အတွင်း ညမထွက်ရ အမိန့် ဖောက်ဖျက်ကျူးလွန်သူ ၈၀ ကျော်ကို အရေးယူထား

Spread the love

မြစ်ကြီးနားခရိုင်အတွင်း ညမထွက်ရ အမိန့် ဖောက်ဖျက်ကျူးလွန်သူ ၈၀ ကျော်ကို အရေးယူထား

EPN
မြစ်ကြီးနား၊ မေ ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း ညမထွက်ရ ဒေသန္တရအမိန့် ဖောက်ဖျက်ကျူးလွန်သူ (၈၀) ကျော်ကို အရေးယူထားကြောင်း မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဒေသန္တရအမိန့် စတင် ထုတ်ပြန်ခဲ့ချိန်မှ စ၍ မေလ ၅ ရက်နေ့အထိ ညမထွက်ရ အမိန့် ဖောက်ဖျက်ကျူးလွန်သူ ၁၈နှစ်အထက် (၇၄)ဦး၊ အသက်(၁၈)နှစ်အောက် (၇) ဦး စုစုပေါင်း (၈၁)ဦးကို ဥပဒေအရ အရေးယူဆောင်ရွက်ထားပြီဖြစ်ပြီး ဤသို့ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး စိုးမြင့်အောင်က ယခုကဲ့သို့ဆိုသည်။

”ဒီလိုဆောင်ရွက်နေရတဲ့ အကြောင်းတရားက ဘာလဲဆိုတော့ ကျွန်တော်တို့ အနေနဲ့ တရားဥပဒေ စိုးမိုးရေးအတွက်ဆောင် ရွက်ပေးရခြင်း ဖြစ်တယ်။ ခိုးဆိုးလုယက်မှုတွေမဖြစ်အောင် လက်ရှိ ကျန်းမာရေးနှင့် ပတ်သက်ပြီးတော့မှလည်း ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်”ဟု ဒုရဲမှူးကြီးစိုးမြင့်အောင်က ထာဝရငြိမ်းချမ်းရေး သတင်းကွန်ရက် (EPN) သို့ ပြောသည်။

အဆိုပါ ဖမ်းဆီးအရေးယူထားသည့်အနက် ဧပြီ(၂၄)ရက်နေ့အထိ ဖမ်းဆီးထားသည့် လူကြီး(၂၂)ဦးတို့ကို သက်ဆိုင်ရာ မြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ- ၁၈၈ အရ ငွေဒဏ်ငါးသောင်းစီ အမိန့်ချမှတ် ခဲ့ကြောင်း မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဧပြီလ ၂၅ရက်နေ့ နောက်ပိုင်း ဖမ်းဆီးအရေးယူထားသည့် (၅၉)ဦး အနက် လူကြီး (၅၂)ဦးတို့ကို ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့ပြီး ယင်း(၅၉)ဦးတွင် အသက်(၁၈)နှစ်အောက် (၇)ဦးပါဝင်ပြီး ၎င်းတို့ကို ထောင်ဒဏ်မချဘဲ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအရ ငွေဒဏ်ငါးသောင်းစီသာ ချမှတ်ကာ အရေးယူခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးအရေးယူထားသည့် ၈၁ ဦးတွင် အမျိုးသား အများဆုံးဖြစ်ပြီး အမျိုးသား(၇၄)ဦး အမျိုးသမီး(၇)ဦး ပါဝင်ကြောင်းနှင့် မြစ်ကြီးနားခရိုင်တွင်း၌ ညမထွက်ရ အမိန့်အများဆုံးကျူးလွန်သည့် မြို့နယ်မှာ မြစ်ကြီးနားမြို့နယ်ဖြစ်ကြောင်း သိရသည်။

ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် နာရေးကိစ္စ ဆောင်ရွက်သူများမှ အပ မည်သူမဆို နေ့စဉ် ည ၁၀နာရီမှ နံနက် ၄ နာရီအတွင်း နေအိမ်ပြင်ပ သို့ ထွက်ခွာခြင်း၊ စုဝေးခြင်းများကို မပြုလုပ်ရန် ကချင်ပြည်နယ်အပါအဝင် အခြားတိုင်းနှင့် ပြည်နယ်များ တွင်လည်း ထုတ်ပြန်ထားသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။