Trending Now

မြောက်ကိုရီးယားက နည်းဗျူဟာမြောက် နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောသစ်ကို ထုတ်ဖော်ပြသ

Spread the love

မြောက်ကိုရီးယားက နည်းဗျူဟာမြောက် နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောသစ်ကို ထုတ်ဖော်ပြသ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၈

မြောက်ကိုရီးယားက နိုင်ငံရဲ့ ပထမဆုံး စစ်ဆင်ရေးဆိုင်ရာ “နည်းဗျူဟာမြောက် နျူကလီးယားတိုက်ခိုက်ရေး ရေငုတ်သင်္ဘော” တစ်စင်းကို ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြသခဲ့ပြီး ကိုရီယားကျွန်းဆွယ်နဲ့ ဂျပန်ကြားက ပင်လယ်ပြင်မှာ ကင်းလှည့်ဖို့ ရေတပ်မှာ တာဝန်ပေးအပ်ခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက ဒီနေ့ ဖော်ပြခဲ့ပါတယ်။

အဆိုပါအခမ်းအနားကို တက်ရောက်ခဲ့တဲ့ မြောက်ကိုရီယားခေါင်းဆောင် ကင်ဂျုံအန်းက နျူကလီးယားလက်နက်တွေ တပ်ဆင်ရမယ့်တာဝန်ဟာ အရေးတကြီးလုပ်ဆောင်ရမယ့် တာဝန်ဖြစ်ကြောင်း ရေတပ်ကို ပြောကြားခဲ့ပြီး နျူကလီးယားလက်နက် ယာဉ်တွေကို လွှဲပြောင်းပေးအပ်မယ်လို့ ကတိပြုခဲ့ပါတယ်။

မြောက်ကိုရီးယားသမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Hero Kim Kun Ok လို့ အမည်ပေးထားတဲ့ ရေငုတ်သင်္ဘောအမှတ် ၈၄၁ ဟာ မြောက်ကိုရီယားရဲ့ ရေအောက်ထိုးစစ်အတွက် အဓိကနည်းလမ်းတစ်ခုဖြစ်ပြီး သင်္ဘောဟာ တိုက်ခိုက်ရေးတာဝန်ကို ထမ်းဆောင်ရမယ်လို့ ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိရေငုတ်သင်္ဘောတွေကို နျူကလီးယားလက်နက် တပ်ဆင်တိုက်ခိုက်ရေး ရေငုတ်သင်္ဘောတွေအဖြစ် ပြောင်းလဲဖို့ စီစဉ်နေပြီး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်မှုကို အရှိန်မြှင့်တင်ဖို့ စီစဉ်နေတယ်လို့လည်း ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။

“ရန်သူတွေရဲ့ မကြာသေးမီက ရန်လိုတဲ့ စစ်ရေးလုပ်ရှားမှုတွေကို ကြည့်ရင် ကျွန်တော်တို့ရဲ့ ရေတပ်ဖွဲ့တွေ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာဖို့ဟာ နှောင့်နေးလို့မရတဲ့ ဦးစားပေးကိစ္စဖြစ်ပါတယ်” လို့ ကင်ဂျုံအန်းက အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ရည်ညွန်းပြောဆိုခဲ့ပါတယ်။

ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။