Trending Now

ဗန်းမော်မြို့၌ အခြေခံပညာ ကျောင်းပေါင်းစုံ ခရစ်ကတ် (ကျား/မ) ပြိုင်ပွဲကျင်းပ

Spread the love

ဗန်းမော်မြို့၌ အခြေခံပညာ ကျောင်းပေါင်းစုံ ခရစ်ကတ် (ကျား/မ) ပြိုင်ပွဲကျင်းပ

EPN
ဗန်းမော်၊ စက်တင်ဘာ ၂၀ (၂၀၂၃)

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ကတ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသောအခြေခံပညာ ကျောင်းပေါင်းစုံ ခရစ်ကတ် (ကျား/မ) ပြိုင်ပွဲ ကို စက်တင်ဘာ ၁၈ ရက်နေ့ မှ စတင်ကာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပလျှက်ရှိကြောင်း သိရသည်။

အဆိုပါ ခရစ်ကတ် (ကျား/မ) ပြိုင်ပွဲတွင် ဗန်းမော်မြို့ အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က (၃)၊ အ.ထ.က (၄)၊ အ.လ.က (၁)၊ အ.လ.က (၃) နှင့် အ.ထ.က (မန်စီ)၊ အ.ထ.က (မိုးမောက်) တို့ မှ အမျိုးသား (၈) သင်း နှင့် အမျိုးသမီး (၈) သင်း ပါဝင် ယှဥ်ပြိုင်ကြပြီး စက်တင်ဘာ ၂၀ ရက် ယနေ့ တွင်လည်း ပွဲစဥ်များကို တစ်ပြိုင်ထဲ ကျင်းပလျှက်ရှိကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို စက်တင်ဘာ ၂၃ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်‌ကြောင်းနှင့် ဖိုင်နယ်ပြိုင်ပွဲအပြီးတွင် ဆုရ အသင်းများနှင့် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် အား/ကာမှူး ထံမှ သိရသည်။

ဗန်းမော်သုခမိန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။