Trending Now

ကျပ်သိန်းသိန်းတစ်သောင်းကျော် တန်ဖိုးရှိ စက်ယန္တရားများနှင့် တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ယာဉ်များ သိမ်းဆည်းရမိ

Spread the love

ကျပ်သိန်းသိန်းတစ်သောင်းကျော် တန်ဖိုးရှိ စက်ယန္တရားများနှင့် တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ယာဉ်များ သိမ်းဆည်းရမိ

EPN
မြစ်ကြီးနား၊ ဇွန် ၁၂

တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက်ယန္တရားများနှင့် မော်တော်ယာဉ်များ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းတစ်သောင်းကျော် သိမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၇ ရက်နေ့က ကချင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မိုးညှင်းမြို့ ပင်လုံကျေးရွာအနီး၌ ပိုင်ရှင်မဲ့ Sany ဘက်ဟိုးယန္တရား နှစ်စီး၊ Sinomach ဘက်ဟိုးယန္တရား တစ်စီး၊ Matador ဘက်ဟိုးယန္တရား နှစ်စီး၊ Hitachi ဘက်ဟိုးယန္တရား နှစ်စီး၊ Doosan ဘက်ဟိုးယန္တရားလေးစီး၊ Hyundai ဘက်ဟိုး ယန္တရားနှစ်စီးနှင့် Zoommlion ဘက်ဟိုးယန္တရားတစ်စီး စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၂၀၀၀၀၀၀၀ကို သိမ်းဆီးရမိခဲ့သည်။

ဆက်လက်ပြီး ဇွန် ၉ ရက်ကလည်း အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မရမ်းချောင် စစ်ဆေးရေးစခန်း၌ မော်လမြိုင်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် M150 Energy Drink ပုလင်း ၁၀၀၀၀ နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Yutong ယာဉ်တစ်စီး၊ အေးရှားဝေါလ်ကုန် သေတ္တာစစ်ဆေး ရေးစခန်း၌ ကုန်သေတ္တာတစ်လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Ready Gasoline Generator Set ၇၃ ခု စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၃၈၁၉၉၀၀၀ ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး၊ ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်မြို့ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာတွင် စုပုံထားသော ကုန်ပစ္စည်းများကို တွေ့ရှိသဖြင့် မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်၍ အသေးစိတ်စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ High Voltage Transformer 220V ၂၅ ခု အပါအဝင်ကုန်ပစ္စည်းရှစ်မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၆၉၄၈၀ ကို သိမ်းဆည်းရမိခဲ့သည်။

၎င်းအပြင် ဇွန် ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာန ဦးဆောင်သောပူးပေါင်းအဖွဲ့က ပဲခူးခရိုင်အတွင်းစစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ တရားမဝင်သစ် သုညဒသမ ၄၂၀ တန် ခန့်မှန်း တန်ဖိုးငွေကျပ် ၂၉၄၀၀ ကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက်ယန္တရားများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ခြောက်မှုမှ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆၂၀၉၇၈၈၀ ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

ဆာကူရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။