Trending Now

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့ရှိ ရပ်ကွက်ရာအိမ်မှူး နေအိမ်ရှေ့တွင် သေနတ်ပစ်ခံရ၍ သေဆုံး

Spread the love

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့ရှိ ရပ်ကွက်ရာအိမ်မှူး နေအိမ်ရှေ့တွင် သေနတ်ပစ်ခံရ၍ သေဆုံး

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့ရှိ ရပ်ကွက်ရာအိမ်မှူးတစ်ဦးကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က သေနတ်သမား ၂ ဦး သေနတ်ဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နောက် ရာအိမ်မှူးသည် သေနတ်ဒဏ်ရာဖြင့် အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ကြီးတံခွန်မြို့နယ်(ဂ)ရပ်ကွက်၊ ၆၇(ဒီ)လမ်း၊ ၁၁၉ လမ်းနှင့် ၁၂၀ လမ်းကြားရှိ ရပ်ကွက်ရာအိမ်မှူး အသက် ၄၀ ဝန်းကျင် အရွယ် ဦးထွန်းဝေ သည် နေအိမ်ရှေ့တွင် ထိုင်နေစဉ် သေနတ်ဖြင့် ပစ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရာအိမ်မှူး ကိုထွန်းဝေက အိမ်ရှေ့မှာ ထိုင်နေတုန်း လူနှစ်ယောက်က ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်နဲ့ ခေါင်းကိုတေ့ ပစ်သွားတာဗျ တစ်ချက်တည်းပဲ ဆေးရုံကားရောက်လာတော့ သေနေပြီ” ဟု ဖြစ်စဉ် အနီးရှိ မျက်မြင်တစ်ဦးက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး မည်သည့် အဖွဲ့အစည်းက ပြုလုပ်သွားသည်ကိုလည်း အတည်မပြုနိုင်သေးကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။