Trending Now

လီပာပူးနဲ့ပွဲအပြီးမှာ ပြိုင်ဘက်တွေကို သတိပေးလိုက်တဲ့မန်ယူနည်းပြ တန်ဟက်

Spread the love

လီပာပူးနဲ့ပွဲအပြီးမှာ ပြိုင်ဘက်တွေကို သတိပေးလိုက်တဲ့မန်ယူနည်းပြ တန်ဟက်

EPN
အားကစား၊ သြဂုတ် ၂၃

အိုးလ်ထရက်ဖို့ဒ်မှာ လီဗာပူးကို ၂-၁ နဲ့အနိုင်ရခဲ့ပြီးနောက် မန်ယူနည်းပြအဲရစ်တန်ဟက်က အခုမှ အစပဲရှိသေးကြောင်း ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကိုသတိပေးလိုက်ပါတယ်။

အဖွင့် ၂ ပွဲမှာ ဘရိုက်တန်နဲ့ဘရန့်ဖို့ဒ်တို့ကို ရှုံးခဲ့ပြီးနောက်ယူနိုက်တက်ကစားသမားတွေရဲ့စိတ်ဓာတ်နဲ့ တန်ဟက်ရဲ့နည်းဗျူဟာပိုင်းဟာ အပြင်းအထန် ဝေဖန်မေးခွန်းထုတ်ခြင်းခံခဲ့ရတာပါ။

ဒါပေမဲ့လည်း နယ်သာလန်သားနည်းပြဟာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ စီရော်နယ်ဒိုတို့လို ကစားသမားတွေကို ပွဲထွက်စာရင်းက ချန်လှပ်ပြီး အပြောင်းအလဲကြီးကြီးမားမားလုပ်ခဲ့ပါတယ်။ သူ့ဆုံးဖြတ်ချက်မှန်သွားလောက်အောင်အသင်းဟာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ဒီရာသီရဲ့ပထမဆုံးနိုင်ပွဲကိုစတင်ရရှိသွားခဲ့တာပါ။

”မတူညီတဲ့စိတ်ဓာတ်တစ်ခုနဲ့ မတူညီတဲ့ချဉ်းကပ်မှုတစ်ခုကို ကျွန်တော် လိုချင်ခဲ့တာပါ။ ဒါကို ကွင်းထဲမှာ သူတို့လုပ်ပြနိုင်ခဲ့လို့ကျွန်တော်အားရကျေနပ်မိပါတယ်။ နည်းဗျူဟာပိုင်းအရ ပြောမလား၊စိတ်ဓာတ်ပိုင်းအရ ပြောမလား ပြောလို့ရနိုင်ပါတယ်။ အခုမှ အသင်းတစ်သင်းပုံစံနဲ့ ပိုတူသွားတာပါ။

သူတို့က ကစားပုံ ကောင်းကောင်း ကစားနိုင်လို့သူတို့ ဘာအောင်မြင်မလဲဆိုတာ မြင်နိုင်ပါတယ်။ အခုမှ အစပဲရှိသေးတာပါ။ ပိုပြီးတော့ တည်ငြိမ်အေးဆေးမယ်ဆို အများကြီးပိုကောင်းအောင်ကစားနိုင်ပါတယ်။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေရှိပါတယ်။ အခုတော့ အသင်းကောင်းတစ်သင်းဖြစ်အောင် လုပ်မှာပါ”လို့ တန်ဟက်ကပွဲအပြီးမှာပြောကြားခဲ့ပါတယ်။

တန်ဟက်ဟာ ဗန်ဂေါလ်ပြီးရင်ဖာဂူဆန်ခေတ်နောက်ပိုင်း လီဗာပူးနဲ့ပထမဆုံးတွေ့တဲ့ပွဲမှာ အနိုင်ရတဲ့ဒုတိယမြောက်မန်ယူနည်းပြဖြစ်လာတာပါ။ ပွဲထွက်စာရင်းထဲ မထည့်ခဲ့ပေမယ့်မက်ဂွိုင်းယားနဲ့ စီရော်နယ်ဒိုတို့ဟာ အသင်းရဲ့ခေါင်းဆောင်တွေဖြစ်နေကြဆဲပဲလို့တန်ဟက်က ဆက်လက်ပြောကြားခဲ့ပါတယ်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။