Trending Now

မိုးညှင်းမြို့နယ်တွင် မြစိမ်းရောင်ချေးငွေများအား အိမ်တိုင်ရာရောက် စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိ

Spread the love

မိုးညှင်းမြို့နယ်တွင် မြစိမ်းရောင်ချေးငွေများအား အိမ်တိုင်ရာရောက် စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိ

EPN
မိုးညှင်း၊ မေ ၁၃

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဋ္ဌာနမှ Covid-19 ကာလအတွင်း မြစိမ်းရောင်ချေးငွေများ ထုတ်ပေးခြင်း လုပ်ငန်းကို မေလ(၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်က အိမ်တိုင်ယာရောက်ထုတ်ပေးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဦးဆန်းမင်းနှင့်ဝန်ထမ်းများသည် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ Covid 19 ကာလအတွင်း လူစုလူဝေးမဖြစ်စေရန်အတွက် ရှမ်းကုန်းကျေးရွာမှ အသင်သား (၇၇) ဦး အတွက်ချေးငွေကျပ် (၄၅၇)သိန်းနှင့် လယ်ဦးကျေးရွာမှ အသင်းသား(၃၇)ဦး အတွက်ချေးငွေကျပ်(၄၆၀)သိန်းတို့ကို ကျေးရွာကော်မတီဝင် အသီးသီးတို့ လိုက်ပါလျက်အိမ်တိုင်ရာရောက် စနစ်ဖြင့် အသင်းသားများ၏ လက်ဝယ်သို့အ‌ရောက် ချေးငွေများထုတ်ပေးခဲ့ကြကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။