Trending Now

အသက် ၉၄ နှစ်အရွယ် အဘွားအိုက သူ့တစ်သက်မှာ ဖတ်ဖူးသမျှ စာအုပ်တွေကို မှတ်တမ်းတင်ထားခဲ့

Spread the love

အသက် ၉၄ နှစ်အရွယ် အဘွားအိုက သူ့တစ်သက်မှာ ဖတ်ဖူးသမျှ စာအုပ်တွေကို မှတ်တမ်းတင်ထားခဲ့

EPN
နိုင်ငံတကာ၊ မတ် ၂၄

အသက် ၉၄ နှစ်အရွယ် အဘွားအိုတစ်ဦးဟာ အသက် ၁၄ နှစ်အရွယ်ကတည်းက သူ ဖတ်ဖူးသမျှ စာအုပ်တွေကို မှတ်တမ်းတင်ထားခဲ့ပြီး မြေးဖြစ်သူက အွန်လိုင်းမှာ ဝေမျှခဲ့ပါတယ်။

အဲ့ဒီအဘွားအိုဟာ သြစတြေးလျကို ပြောင်းရွေ့နေထိုင်ခဲ့ရတဲ့ ဂျာမနီနိုင်ငံက ဒုက္ခသည်တစ်ဦးဖြစ်ပြီး ပညာရေးပြီးဆုံးအောင် မသင်ယူခဲ့ရပါဘူး။

“စာရင်းသွင်းထားတဲ့ စုစုပေါင်း စာအုပ်အရေအတွက်က ၁၆၅၈ အုပ် (နှစ် ၈၀ ကျော် နှစ်ပတ်မှာ တစ်အုပ်နီးပါး) ရှိပါတယ်။ ကျောင်းပြီးအောင် တစ်ခါမှ မလုပ်ဖူးတဲ့လူအတွက် မဆိုးပါဘူး။” လို့ မြေးဖြစ်သူ မိုင်ယာ က တွစ်တာမှာ ရေးသားထားခဲ့ပါတယ်။

သူမဖတ်ခဲ့တဲ့ စာအုပ်တွေဟာ ဆားဘီးယားစာအုပ်တွေ နဲ့ ဟန်ဂေရီစာအုပ်တချို့ ဖြစ်နိုင်ပြီး စာရင်းရရှိထားတာ မကြာသေးတဲ့အတွက် ဘယ်လိုစာအုပ်မျိုးတွေဖြစ်မလဲဆိုတာ မသိရသေးဘူးလို့ မြေဖြစ်သူက ပြောဆိုထားပါတယ်။

Ref; indianexpress

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။