Trending Now

ဂျပန်ရေပြင်ပိုက်နက်ထဲ တရုတ်ရေတပ်သင်္ဘော ဝင်ရောက်

Spread the love

ဂျပန်ရေပြင်ပိုက်နက်ထဲ တရုတ်ရေတပ်သင်္ဘော ဝင်ရောက်

EPN

နိုင်ငံတကာ၊ ဧပြီ ၃၀

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းက ခါဂိုးရှီမ ခရိုင်ရဲ့ ကမ်းလွန် ဂျပန့်ရေပြင်ပိုင်နက်ထဲကို တရုတ်ရေတပ်သင်္ဘော တစ်စင်း ဝင်ရောက်ခဲ့တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

Kuchinoerabu ကျွန်းရဲ့ အနောက်ဘက်က ဂျပန့်ရေပိုင်နက်နဲ့ ထိစပ်နေတဲ့ဇုန်ထဲမှာ တရုတ်ရဲ့ သုတေသနရေယာဉ် တစ်စင်းကို အင်္ဂါနေ့ ည ၈နာရီခွဲလောက်မှာ တွေ့ခဲ့ရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေက ဆိုပါတယ်။

အဲဒီရေယာဉ်ရဲ့ လှုပ်ရှားမှုတွေကို ဂျပန် ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဖျက်သင်္ဘော Onami နဲ့ ဂျပန် ကမ်းခြေစောင့်တပ်တွေဆီက ပေးပို့လာတဲ့ သတင်းအချက်အလက်တွေကနေ ဂျပန်အဏာပိုင်တွေက စောင့်ကြည့်နေခဲ့ပါတယ်။

အဲဒီတရုတ်ရေယာဉ်ဟာ ဗုဒ္ဓဟူးနေ့ မနက် ၂နာရီ ၁၀ မိနစ်လောက်မှာ Yakushima ကျွန်းရဲ့ တောင်ဘက်က ဂျပန်ရေပြင်ပိုင်နက်ထဲကနေ ထွက်ခွာခဲ့ပြီး အရှေ့တောင်ဘက်ကို ဦးတည်ရွေ့လျားသွားခဲ့တယ်လို့ ဂျပန်အဏာပိုင်တွေက ဆိုပါတယ်။

အဲ့ဒီနောက် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့စိုးရိမ်မှုကို သံတမန်လမ်းကြောင်းတွေကတစ်ဆင့် တရုတ်အစိုးရကို အသိပေးခဲ့ပါတယ်။ ဒါဟာ ဂျပန့်ရေပြင်ပိုင်နက်ထဲကို တရုတ်ရေတပ်သင်္ဘော ဝင်ရောက်မှုဟာ ပဉ္စမအကြိမ်မြောက်ဖြစ်ပြီး မနှစ်က နိုဝင်ဘာလနောက်ပိုင်းမှာ ပထမဦးဆုံး ဖြစ်ပါတယ်။

ဝန်ကြီးဌာန အရာရှိတွေက သူတို့အနေနဲ့ ဆက်လက်သတိထားနေပြီး အဲဒီလို ဝင်ရောက်သွားလာခဲ့တဲ့ ရည်ရွယ်ချက်ကို သုံးသပ်လေ့လာနေတယ်လို့ ဆိုပါတယ်။

Source – NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။