Trending Now

လေယာဉ်ပျံသန်းနေစဉ် အရေးပေါ်ထွက်ပေါက်တံခါးကို ဖွင့်ခဲ့သည့် အမျိုးသား ဖမ်းဆီးခံရ

Spread the love

လေယာဉ်ပျံသန်းနေစဉ် အရေးပေါ်ထွက်ပေါက်တံခါးကို ဖွင့်ခဲ့သည့် အမျိုးသား ဖမ်းဆီးခံရ

EPN
နိုင်ငံတကာ၊ မေ ၂၉

တောင်ကိုရီးယားနိုင်ငံ၌ လေယာဉ်ပျံသန်းနေစဉ် အရေးပေါ်ထွက်ပေါက်တံခါးကို ဖွင့်ခဲ့သည့် အမျိုးသားတစ်ဦးအား တနင်္ဂနွေနေ့တွင် တရားဝင်ဖမ်းဆီးခဲ့ပြီး လေကြောင်းလုံခြုံရေးဥပဒေအား ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပဏာမမေးမြန်းမှုတစ်ခုအတွင်း လီ ဆိုသည့် အသက် ၃၃ နှစ်အရွယ် အဆိုပါအမျိုးသားသည် အသက်ရှုကြပ်သလိုခံစားရပြီး လေယာဉ်ပေါ်မှအမြန်ဆင်းရန် ကြိုးစားခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများကို ထွက်ဆိုခဲ့သည်။

ပြီးခဲ့သည့် သောကြာနေ့တွင် ခရီးသည် ၂၀၀ လိုက်ပါလာသည့် Asiana လေကြောင်းလိုင်း အဲဘတ်စ် A321-200 ၏ အရေးပေါ် တံခါးကို ဖွင့်လိုက်ရာ လေယာဉ်အတွင်းရှိ ခရီးသည်များ ထိတ်လန့်တုန်လှုပ်သွားကာ လူ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လေယာဉ်သည် တောင်ပိုင်း ဂျီဂျု ကျွန်းမှ တစ်နာရီကြာ ပျံသန်းမှုဖြင့် ဒေဂု တွင် ဆင်းသက်ရန် ပြင်ဆင်နေချိန် ပေ ၇၀၀ (၂၁၃ မီတာ)တွင် မကြာသေးမီက အလုပ်ပြုတ်ထားပြီး စိတ်ဖိစီးမှုခံစားနေရသည့် လီက တံခါးကို ဆွဲဖွင့်လိုက်ခြင်းဖြစ်သည်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။