Trending Now

မံစီမြို့ မြို့ပေါ် ရပ်ကွက်တစ်ခု၌ ကိုးနှစ်အရွယ် ကလေးတစ်ဦး လက်လုပ်သေနတ် ထိမှန်၍ သေဆုံး

Spread the love

မံစီမြို့ မြို့ပေါ် ရပ်ကွက်တစ်ခု၌ ကိုးနှစ်အရွယ် ကလေးတစ်ဦး လက်လုပ်သေနတ် ထိမှန်၍ သေဆုံး

EPN
မံစီ၊ ဇွန် ၉

မံစီမြို့ မြို့ပေါ်ရပ်ကွက်တစ်ခုတွင် ဇွန်လ ၈ ရက်နေ့၊ နံနက်ပိုင်းက အသက် ၉နှစ်ခန့် အရွယ်ရှိ ကလေးငယ် ယောက်ကျားလေးတစ်ဦး လက်လုပ် သေနတ် ထိမှန်၍ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ ကချင်ပြည်နယ် မံစီမြို့ ပြင်ဦးလွင်ရပ်ကွက် ရွာသစ်ကုန်း ရပ်နေ (ဘ) ဦးနော်ဆန်း၏ သားဖြစ် သူ မောင်ဒွဲဂျာ၊ (၉)နှစ်၊ တတိယတန်း ကျောင်းသား ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ မံစီမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမင်းမင်းနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးခဲ့ရာ စစ်ဆေးပေါ်ပေါက်ချက်အရ ဦးနော်ဆန်း၏ သားအကြီး ဖြစ်သူ မောင်ထွယ်ဆန်း၊ (၁၁)နှစ် အရွယ်ရှိ ကလေးငယ်သည် BND-368 လက်လုပ်သေနတ်အား ဆော့ကစားစဉ် ကျည်ထွက်ပြီး အိပ်ပျော်နေသည့် ညီငယ် ဖြစ်သူ မောင်ဒွဲဂျာ (၉)နှစ်အား ထိမှန်ခဲ့သဖြင့် မောင်ဒွဲဂျာမှာ မျက်နှာ၊ နှာခေါင်းဝဲဘက်သို့ ကျည်ဖောက်ထွက် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ စုံစမ်း စစ်ဆေးချက်အရ မောင်ထွယ်ဆန်းသည် လွန်ခဲ့သည့် ဇွန် ၇ ရက် ညပိုင်းက နေအိမ်တဲနှင့် (၂)ဖာလုံခန့်အကွာ လယ်ကွင်း၌ ဖားရိုက်နေစဉ် ဝါးရုံတောအတွင်း ၌ အဆိုပါ သေနတ်အား တွေ့ရှိသဖြင့် ယူဆောင်လာပြီး လူကြီးများ မသိအောင် နေအိမ်တဲအခင်း မိုးကာအောက်၌ ဝှက်ထားပြီး ဇွန် ၈ ရက် နံနက်ပိုင်း ဖခင်ဖြစ်သူ တောသို့သွားနေစဉ် အဆိုပါ သေနတ်ကို ကိုင်ဆောင်ပြီး ထိုင်လျှက် ဆေ့ာကစားခဲ့ရာမှ ယင်းကဲ့သို့ဖြစ်ပွားခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

မြို့မရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက အရှည် ၃ ပေ၊ (BND368 စာပါရှိ) လက်လုပ်သေနတ် တစ်လက်။

အလျှား ၁ ဒသမ ၇ စင်တီမီတာ၊ အနံ ၀ ဒသမ ၇ စင်တီမီတာ ရှိ၊ ပို့ကျည်၊ ကျည်ခွန် တစ်တောင့်၊ အလျှား၁ စင်တီမီတာခန့်၊ အနံ ၀ ဒသမ ၅ စင်တီမီတာခန့် ရှိ ကျည်ဆံခွံ ခဲသီးတစ်လုံး တို့ကို သက်သေများ ရှေ့မှောက် သိမ်းဆည်းခဲ့ကြပြီး သေဆုံးသူ မောင်ဒွဲဂျာ၏ အလောင်းအား ရဲဆေးစာနှင့်အတူ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

လက်ရှိတွင် အဆိုပါဖြစ်စဉ်အား မံစီမြို့မရဲစခန်းက ၁၉/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄(က) ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သိရပြီး ပြစ်မှုကျူးလွန်သူသည် အသက် ၁၁ နှစ်သာရှိ၍ မန်စီမြို့မ ရဲစခန်းမှူး၏ ကြီးကြပ်မှုအောက်၌ ထိန်းသိမ်းထားရှိကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။