Trending Now

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ အရာရှိတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

Spread the love

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ အရာရှိတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

EPN
ရန်ကုန်၊ ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ လျှပ်စစ်မန်နေဂျာရုံးမှ အရာရှိဖြစ်သူ ဦးဝင်းမြင့်ဇော်သည် ယမန်နေ့ ည ၈ နာရီကျော်အချိန်က ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

“ မနေ့ညက ပစ်ခံရတာ သူက လျှပ်စစ်ရုံးကနေ သူနေတဲ့ မရမ်းကုန်းမြို့နယ်က အပြန် ဒဂုံမြို့သစ်မြောက်ပိုင်းက ဘေလီတံတား အနီးမှာ ပစ်ခံလိုက်ရတာ” ဟု ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက လူတစ်ဦးက ပြောသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးဝင်းမြင့်ဇော်မှာ မေးစေ့ယာဘက်၊ ဝဲနံဘေး အပါအဝင် ကျည်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဦးဝင်းမြင့်ဇော် ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး တရားခံအား ဖမ်းဆီးရမိနိုင်ရေး နယ်မြေခံ လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရွှေအိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။