Trending Now

မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းမှ သတင်းထောက်များကို မတရား အကြမ်းဖက်မှုများက ကာကွယ်သွားမည်ဟု အမေရိကန် သံရုံးထုတ်ပြန်

Spread the love

မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းမှ သတင်းထောက်များကို မတရား အကြမ်းဖက်မှုများက ကာကွယ်သွားမည်ဟု အမေရိကန် သံရုံးထုတ်ပြန်

EPN
မြစ်ကြီးနား၊ မေ ၄

မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းမှ သတင်းထောက်များကို မတရား အကြမ်းဖက်မှုများက ကာကွယ်သွားမည်ဟု အမေရိကန် သံရုံးက မေလ ၃ ရက် ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံနှင့် ကမ္ဘာ တစ်ဝှမ်းက သတင်းထောက်များသည် မတရားမှုများနှင့် အသက်အန္တရာယ်စိုးရိမ်နေရသည့်ကြားမှ သတင်းများကို ဖော်ပြပေးနေသည့်အတွက် သတင်းထောက်များနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့ကို ကာကွယ်သွားရန် အမေရိကန်အနေဖြင့် ဆုံးဖြတ်ချက်ချလိုက်ကြောင်း ဖော်ပြထားသည်။

သို့သော် သတင်းထောက်များအား ကာကွယ်သွားမည့် အသေးစိတ် အချက်အလက်သေးစိတ်အချက်အလက်များကိုမှု အမေရိကန် သံရုံးက ထုတ်ပြန်ဖော်ပြထားခြင်းမရှိပေ။

အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် သတင်းထောက်များသည် ပဋိပက္ခဖြစ်ပွားလျက်ရှိသော ဒေသများမှ သတင်းများကိုအစီရင်ခံရင်း နှောင့်ယှက်တိုက်ခိုက်ခံရခြင်း၊ မတရားဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ အကျဉ်းချခံရခြင်းနှင့် အကြမ်းဖက်ခံရခြင်းတို့ကို ရင်ဆိုင်နေရပြီး မိမိတို့အသက်အန္တရာယ် စိုးရိမ်ရသော်လည်း အများပြည်သူအတွက် သတင်းများကို တင်ဆက်ပေးလျက်ရှိကြောင်း ထည့်သွင်းဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။