Trending Now

အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ အခုလနှောင်းပိုင်းမှာ တွေ့ဆုံမယ်လို့ အိမ်ဖြူတော်ပြော

Spread the love

အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ အခုလနှောင်းပိုင်းမှာ တွေ့ဆုံမယ်လို့ အိမ်ဖြူတော်ပြော

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့မျှော်လင့်ထားတယ်လို့ အိမ်ဖြူတော်က ပြောကြားခဲ့ပြီး အခုလနှောင်းပိုင်းမှာ ဆန်ဖရန်စစ္စကိုမှာတွေ့ဆုံဖို့ မှုအားဖြင့် သဘောတူညီချက်တစ်ရပ် ရရှိခဲ့တယ်လို့ အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။

အခုလအတွင်း အဲဒီမြို့မှာ ကျင်းပဖို့ ရှိတဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ဖိုရမ်ရဲ့ ဘေးစည်းအနေနဲ့ နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး ကျင်းပမလားဆိုတာနဲ့ ပတ်သက်ပြီး လေ့လာသူတွေက စောင့်ကြည့်နေချိန်မှာ အဲဒီကြေညာချက် ထွက်ပေါ်လာတာပါ။

“အခုလို အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေ ရှိနေချိန်မှာ ဒါမျိုး သံတမန်ဆွေးနွေးမှုတွေ ပြုလုပ်နေဖို့က အရေးကြီးပါတယ်” လို့ အိမ်ဖြူတော်ရဲ့ ပြန်ကြားရေးမှူး ကာရင်က အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး “ဒါက အပြုသဘောဆောင်တဲ့ အစည်းအဝေး ဖြစ်လာမှာပါ။ သမ္မတကလည်း စောင့်မျှော်နေပါတယ်” လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ တွေ့ဆုံဆွေးနွေးဖို့အတွက် အပြီးသတ်စီစဉ်ဖို့အတွက် လိုအပ်တာတွေကို ဆောင်ရွက်နေကြောင်း အရာရှိတွေက ပြောပါတယ်။

ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပေမယ့် တရုတ်အစိုးရက အဆင့်မြင့်အစည်းအဝေးတွေကို နောက်ဆုံး မိနစ်ရောက်မှသာ ပုံမှန်အတည်ပြုလေ့ရှိတာကို တွေ့ရှိရတယ်လို့ CNN သတင်းဌာနက ဖော်ပြထားပါတယ်။

မစ္စတာ ဘိုင်ဒင်နဲ့ မစ္စတာ ရှီတို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက G20 ထိပ်သီးအစည်းအဝေးရဲ့ ဘေးစည်းအနေနဲ့ အင်ဒိုနီးရှားမှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကိုမြှင်တင်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် သူလျှိုမီးပုံပျံကိစ္စနဲ့ တရုတ်မှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ်မှုတွေကြောင့် တင်းမာမှုတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

Ref; CNN


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။