Trending Now

ပူတာအိုမြို့တွင် ပေါ့ဆမီးကြောင့် နေအိမ် နှစ်လုံး မီးလောင်

Spread the love

ပူတာအိုမြို့တွင် ပေါ့ဆမီးကြောင့် နေအိမ် နှစ်လုံး မီးလောင်

EPN
ပူတာအို၊ မတ် ၂၁ (၂၀၂၄)

ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်တွင် မီးကြွင်း၊ မီးကျန်ကြောင့် ‌ယနေ့၊ နေ့လည် ၁၁ နာရီခွဲ အချိန်ခန့်တွင် နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ပူတာအိုခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးရှိ မီးဖိုချောင်၏ မီးကြွင်း၊ မီးကျန်များကြောင့် နေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ပူတာအိုခရိုင်ဘမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

” မီးလောင်ကျွမ်းတာက ၁၁နာရီ ၄၅ မှာ မီးလောင်ခဲ့တာ ဟုတ်ပါတယ်။ ဖြစ်စဉ်ကတော့ မီးဖိုချောင် မီးကြွင်း၊ မီးကျန်ကနေ စလောင်တယ်လို့ သိရတယ်။ ကျွန်တော်တို့ မီးသတ်ဌာန အနေနဲ့ ချက်ချင်းသွားရောက် ငြိမ်းသတ်ပေးနိုင်ခဲ့တယ် ” ဟု ၎င်းကရှင်းပြသည်။

ယင်းမီးလောင်မှု ဖြစ်ပွားရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ရင် (၁) စီး၊ ရေသယ်ယာဉ် (၂) စီးဖြင့် ၁၂ နာရီခွဲအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ပျဉ်ခင်းထရံကာ နှစ်ထပ်အိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး၊ လူနှင့် အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်သေဆုံးခြင်း မရှိခဲ့ကြောင်း သိရသည်။

လုံးစွတ်ရပ်ကွက် တွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည့် နေအိမ်ပိုင်ရှင်အား ပေါ့ဆမီး ပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။