Trending Now

ဆဒုံးမြို့နယ်မှ နေရပ်စွန့်ခွာလာကြသည့် အိမ်ထောင်စု (၇၀)နီးပါးအတွက် လူသုံးကုန်ပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ထောက်ပံ့ပေးအပ်ခဲ့

Spread the love

ဆဒုံးမြို့နယ်မှ နေရပ်စွန့်ခွာလာကြသည့် အိမ်ထောင်စု (၇၀)နီးပါးအတွက် လူသုံးကုန်ပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ထောက်ပံ့ပေးအပ်ခဲ့

EPN
မြစ်ကြီးနား ၊ ဩဂုတ် ၁၉

ကချင်ပြည်နယ် ၊ဆဒုံးမြို့နယ်အတွင်းမှ နေရပ်စွန့်လာကြ သည့် အိမ်ထောင်စု (၇၀)နီးပါး အတွက် လူသုံးကုန် ပစ္စည်းများ ကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဝိုင်းမော် မြို့နယ် ကြက်ခြေအသင်းတပ်ဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါ အိမ်ထောင်စု ၆၇စု မှာ ဆဒုံးမြို့နယ်အတွင်းရှိ ကျေးရွာများတွင်နေထိုင်ကြသည့် ဒေသခံများဖြစ်ကြပြီး တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလာမည့်အပေါ် စိုးရိမ်မှုကြောင့် သြဂုတ်လ ၄ ရက်နေ့မှစတင်ကာ နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာသူများကို ဝိုင်းမော်မြို့နယ်ရှိ ဝူယန် နှင့်ခါးရှီ ခရစ်ယာန်ဘုရားကျောင်းတို့တွင် ယာယီ နေထိုင်ခွင့်ပေးထားပြီး စုစုပေါင်းလူဦးရေ ၂၉၁ ဦး ရှိကြောင်း ဝိုင်းမော်မြို့နယ် ကြက်ခြေနီအသင်းထံမှ သိရသည်။

“အခုနေရပ်စွန့်ခွာလာတဲ့သူတွေက တိုက်ပွဲဖြစ်လို့ ထွက်ပြေးလာတာတော့မဟုတ်ဘူး နှစ်ဖက်တိုက်ပွဲဖြစ်မှာကို စိုးရိမ်တဲ့စိတ်နဲ့ ထွက်လာကြတာ တချို့ကျတော့ ပစ္စည်းတွေ မပါလာခဲ့တဲ့သူတွေရှိတယ် ဒီလိုလူတွေအတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကျွန်တော်တို့က လာရောက် ပေးအပ်တာဖြစ်ပါတယ်”ဟု ဝိုင်းမော်မြို့နယ် ကြက်ခြေနီအသင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လာရောက်ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများတွင် လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဆေးစိမ်ခြင်ထောင် မိုးကာ၊ မိသားစုအသုံးအဆောင်ပစ္စည်းများနှင့် တစ်ကိုယ်ရေအသုံးဆောင်ပစ္စည်းများကို ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့တွင် ပထမအကြိမ် သြဂုတ်လ ၁၇ ရက်နေ့များတွင် ဒုတိယအကြိမ် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။