Trending Now

အိန္ဒိယနယ်စပ်မှာ PDF နှစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးခံရ

Spread the love

အိန္ဒိယနယ်စပ်မှာ PDF နှစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးခံရ

EPN
မတ် ၂၃

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ ဂျန်နွိုင်းကျေးရွာအနီးမှာ PDF နှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ အတူ မတ်လ ၂၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အိန္ဒိယ သတင်းဌာနအချို့က ဖော်ပြထားပါတယ်။

မဏိပူရပြည်နယ်၊ ထန်နူပါခရိုင်ရှိ ခူနိုင်ကျေးရွာအနီးက နယ်ခြားမှတ်တိုင် အမှတ် ၇၉ မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စစ်ဆေးမှုပြုလုပ်နေစဉ် သူတို့နှစ်ဦးကို ဆိုင်ကယ်၊ ပစ္စတိုသေနတ်တစ်လက်၊ ကျည်ဆန်အချို့ ၊ မြန်မာငွေအနည်းငယ်နဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ပေါင်းစပ် CDO အဖွဲ့က သူတို့နှစ်ဦးကို စစ်ဆေးရန်အတွက် ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ရာ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ပူပေါင်းအဖွဲ့ရဲ့ ကြိုတင်နေရာချထားမှုကြောင့် ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ PDF နှစ်ဦးဟာ ညီပိုင် (၃၈) နှစ်နဲ့ ရဲရင့်အောင် (၃၅) နှစ်တို့ဖြစ်ပြီး ညီပိုင်ထံကနေ ၉ မမ ကျည်ဆန်တစ်တောင့်၊ AK-47 ကျည် ၂ တောင့်၊ လက်ကိုင်ဖုန်း (MI Note-3 အပြာရောင်)၊ လက်ဆွဲအိတ်ငယ် (အနက်ရောင်) တစ်လုံးနှင့် ငွေကျပ် ၁၀၀ တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးသယ်ဆောင်လာတဲ့ အိပ်အတွင်းကနေ မြန်မာငွေစက္ကူ တစ်သောင်းတန်အတုတွေနဲ့အတူ ဖုန်းတစ်လုံး နဲ့အတူ တံဆိပ်မပါတဲ့ Kenbo ဆိုင်ကယ်တစ်စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ref; Two active cadres of Myanmar-based militants arrested in Manipur

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။