Trending Now

ထိုင်းလေတပ်က အမေရိကန် F-35A ကိုယ်ပျောက်တိုက်လေယာဉ် နှစ်စီးဝယ်ယူဖို့ ကြိုးပမ်းနေ

Spread the love

ထိုင်းလေတပ်က အမေရိကန် F-35A ကိုယ်ပျောက်တိုက်လေယာဉ် နှစ်စီးဝယ်ယူဖို့ ကြိုးပမ်းနေ

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၄

ထိုင်းတော်ဝင်လေတပ်က ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှာ အမေရိကန် F-35A ကိုယ်ပျောက်တိုက်လေယာဉ် နှစ်စင်းဝယ်ယူဖို့ကြိုးပမ်းနေတယ်လို့ ထိုင်းဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

ဝယ်ယူမယ့်အစီအစဉ်နဲ့ ပတ်သက်ပြီး ညှိနိုင်းမှုတွေ ပြုလုပ်နေပေမယ့် ရောင်းချမှုကို အမေရိကန်ဘက်က အတည်မပြုခြင်းမရှိသေးကြောင်း ထိုင်းတော်ဝင်လေတပ်ရဲ့ စစ်ဦးစီးချုပ် မာရှယ်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန် စစ်တပ်က F-35A တိုက်လေယာဉ်တွေ စခန်းချမယ့် နေရာကို လောလောဆယ် စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ရင်းနှီးတဲ့ မဟာမိတ်တွေကိုသာ ရောင်းချသွားဖို့ ဝါရှင်တန်က အတည်ပြုထားပါတယ်။

F-35A တိုက်လေယာဉ်တွေဟာ Lockheed Martin F-35 Lightning II စီးရီးရဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်ပြီး အခြေအနေအမျိုးမျိုးမှာ အသုံးပြုနိုင်တဲ့ ကိုယ်ပျောက်ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ်ဖြစ်ပါတယ်။

ထိုင်းလေတပ်မှာ လက်ရှိအသုံးပြုနေတဲ့ F-16 တိုက်လေယာဉ်တွေနေရာမှာ အစားထိုးအသုံးပြုဖို့အတွက် F-35A တိုက်လေယာဉ်တွေ ဝယ်ယူလိုကြောင်း ထိုင်းအစိုးရက အမေရိကန်ကို ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

F-35 တိုက်လေယာဉ်နှစ်စင်းအပြင် ထိုင်းတော်ဝင်လေတပ်က ဆယ်နှစ်ကျော်ကြာ အသုံးပြုခဲ့တဲ့ လက်ရှိ ကာကွယ်ရေးရေဒါစနစ်ကိုလည်း ဝယ်ယူအစားထိုးဖို့ စီစဉ်နေတယ်လို့ လေတပ်စစ်ဦးစီးချုပ် မာရှယ်က ပြောပါတယ်။

— ကိုးကား —
thethaiger
Ref; Thailand’s new fighter jets still on horizon

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။