Trending Now

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

Spread the love

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

 

(၁၃-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။ (၁၃-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၆၇) ခုနှင့် ဆေးသုတေသနဦးစီးဌာန မှ ဓာတ်ခွဲနမူနာ (၈၇) ခု၊ စုစုပေါင်း (၁၅၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ –

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦး တွေ့ရှိရပါသည်။

၂။ သို့ဖြစ်ပါ၍ (၁၃-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၈၁) ဦးရှိပြီဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း ဓာတ်ခွဲနမူနာများအား စစ်ဆေးမှုများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၃) ဦး (Case-35,147,150) ရှိသဖြင့် (၁၃-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုး ကင်းစင်လာသူ စုစုပေါင်း (၇၉) ဦးရှိပါသည်။ ၎င်းတို့အနက် (၆၆) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါ သည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး ရှိပါသည်။

၅။ (၁၂-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၃-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၈၃) ဦး ရှိပါသည်။

Ref; Ministry of Health and Sports, Myanmar


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။