Trending Now

ယူကရိန်းဆိပ်ကမ်းကို သွားနေတဲ့ သင်္ဘောတွေအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ခံရနိုင်ကြောင်း ရုရှားသတိပေး

Spread the love

ယူကရိန်းဆိပ်ကမ်းကို သွားနေတဲ့ သင်္ဘောတွေအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ခံရနိုင်ကြောင်း ရုရှားသတိပေး

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၀

ရုရှားပင်လယ်နက်ကနေ ယူကရိန်းဆိပ်ကမ်းကို သွားလာနေတဲ့ သင်္ဘောတွေအားလုံးကို ယူကရိန်း စစ်တပ်ရဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး သင်္ဘောတွေအဖြစ် သတ်မှတ်လိုက်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌနက ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ရုရှားက ယူကရိန်းဆိပ်ကမ်းတွေကနေ စားနပ်ရိက္ခာတင်ပို့မှုကို ခွင့်ပြုထားတဲ့ သဘောတူညီချက်ကနေ နှုတ်ထွက်ပြီးနောက် ပင်လယ်နက်ကနေ ယူကရိန်းဆိပ်ကမ်းတွေကို သွားလာနေတဲ့ သင်္ဘောတွေကို အလားအလာရှိတဲ့ စစ်ရေးပစ်မှတ်တွေအဖြစ် သတ်မှတ်ခံရနိုင်ကြောင်း သတိပေးလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာပိုင် ပင်လယ်နက်ရဲ့ အရှေ့တောင်ဘက်နဲ့ အနောက်မြောက်ဘက်ပိုင်းတွေမှာ ရေကြောင်းသွားလာမှုအတွက် ယာယီအန္တရာယ်ရှိနေကြောင်း ရုရှားဝန်ကြီးဌာနက ကြေညာထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ယူကရိန်းဘက်ကတော့ စားနပ်ရိက္ခာတင်ပို့မှု ဆက်လက်လုပ်ဆောင်ဖို့အတွက် အိမ်နီးချင်းပင်လယ်နက်နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ရိုမေးနီးယားကိုဖြတ်ပြီး ယာယီသင်္ဘောလမ်းကြောင်းတစ်ခု ထူထောင်နေတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။