Trending Now

တရုတ်စစ်ရေယာဉ် နှစ်စင်း ဂျပန်ရေပိုင်နက်ထဲဝင်ရောက်

Spread the love

တရုတ်စစ်ရေယာဉ် နှစ်စင်း ဂျပန်ရေပိုင်နက်ထဲဝင်ရောက်

EPN
နိုင်ငံတကာ၊ မေ ၁၀

တရုတ်အစိုးရရဲ့ စစ်ရေယာဉ် နှစ်စင်း ဟာ ယမန်နေ့ မနက်ပိုင်းက အရှေ့တရုတ်ပင်လယ် ဆန်းကကု ကျွန်းစုရဲ့ကမ်းလွန်ရှိ ဂျပန်ရေပိုင်နက်ထဲကို ဝင်ရောက်ခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့အရာရှိတွေက ပြောပါတယ်။

တရုတ်ရေယာဉ်တွေဟာ မနက် ၇ နာရီ မထိုးခင်လောက်မှာ အဲဒီကျွန်းစုထဲက Minamikojima ကျွန်းရဲ့ ကမ်းလွန်ဧရိယာထဲ ဝင်ရောက်ခဲ့ပြီး ဂျပန် ငါးဖမ်းသင်္ဘောတစ်စင်းကို ချဉ်းကပ်ခဲ့တယ်လို့ ဂျပန်အရာရှိတွေက ပြောပါတယ်။

ဒါ့အပြင် မနက် ၇ နာရီအထိ တရုတ်ရေယာဉ်တွေဟာ အဲဒီကျွန်းရဲ့ တောင်-အရှေ့တောင်ဖက် ၂၁ ကီလိုမီတာလောက်နဲ့ အရှေ့တောင်ဖက် ၂၂ ကီလိုမီတာလောက်က ဂျပန်ရေပိုင်နက်ထဲမှာ သွားလာနေခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

ကမ်းခြေစောင့်တပ်ဖွဲ့က အဲဒီတရုတ်ရေယာဉ်တွေကို သတိပေးနေပြီး ဂျပန်ငါးဖမ်းသင်္ဘောရဲ့ လုံခြုံရေးအတွက် ကင်းလှည့်ရေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ်ထဲ Senkaku ကျွန်းစုရဲ့ ကမ်းလွန်က ဂျပန်ရေပိုင်နက်ထဲကို တရုတ်အစိုးရ ရဲ့ ရေယာဉ်တွေ ဝင်ရောက်တာ ၇ ကြိမ်မြောက် ဖြစ်ပါတယ်။

လက်ရှိ အဲ့ဒီကျွန်းစုကို ဂျပန်အစိုးရက ထိမ်းချုပ်ထားပြီး တရုတ်နဲ့ ထိုင်ဝမ်တို့ကလည်း သူတို့ပိုင်ဆိုင်တယ်လို့ အခိုင်အမာ ဆိုနေပါတယ်။

Source – NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။