Trending Now

ပူတာအိုတွင် ဆိုင်ကယ်ခိုးရန် လုပ်ဆောင်နေသူအား ဖမ်းဆီးရမိ

Spread the love

ပူတာအိုတွင် ဆိုင်ကယ်ခိုးရန် လုပ်ဆောင်နေသူအား ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၉ (၂၀၂၄)

ကချင်ပြည်နယ်၊ ပူတာအိုမြို့ လေယာဉ်ကွင်း နံနက်ဈေးကြီးတွင် ဆိုင်ကယ်ခိုးရန် လုပ်ဆောင်နေသည့် အမျိုးသားတစ်ဦးကို ဖေဖော်ဝါရီ ၈ ရက်နေ့၊ နံနက် ၈ နာရီ အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ နံနက်ဈေးကြီး ဆိုင်ကယ် (stand)တွင် ရပ်ထားသည့် ဆိုင်ကယ်များကို သော့အတုဖြင့် တစ်စီးပြီးတစ်စီး လိုက်ဖွင့်နေချိန် ဈေးသည်တစ်ဦးမှ မသင်္ကာသဖြင့် သွားကြည့်ခဲ့ရာ ဆိုင်ကယ်ခိုးနေကြောင်း သိရှိရသည့်အတွက် ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးခဲ့ ခြင်းဖြစ် ကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

” အဲ့ဒီသူခိုးက မနက်ဈေးကြီးက ဆိုင်ကယ် (stand) မှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေကို သော့အတုနဲ့ တစ်စီးပြီးတစ်စီးလိုက်ဖွင့်နေတာကို ဈေးသည်တစ် ယောက်က မသင်္ကာလို့ သွားကြည့်တော့ ဆိုင်ကယ် ခိုးနေမှန်းသိရတာ။ ဒါကြောင့် ဘေးနားမှာရှိတဲ့ ပြည်သူတွေကိုခေါ်ပြီးဖမ်းလိုက်တာပါ ” ဟု ၎င်းကဆိုသည်။

အဆိုပါ ဖမ်းဆီးရမိသူမှာ လုံရှာယန်ကျေးရွာနေ အသက် (၃၀)ဝန်းကျင်ရှိသူဖြစ်ပြီး ဆေးဆွဲနေသူ အမျိုးသားတစ်ဦးဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူအား လေယာဉ်ကွင်း အုပ်ချုပ်ရေးမှူးရုံးတွင် ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ပြည်သူများထံမှ သိရသည်။

ပူတာအိုမြို့တွင် ဆိုင်ကယ်ခိုးသူများမှာ အဖွဲ့လိုက် ခိုးယူမှုများ ပြုလုပ်နေကြပြီး၊ တစ်ပတ်လျင် ဆိုင်ကယ် သုံးစီးခန့် အပတ်စဉ် ခိုးခံနေရကြောင်း ပြည်သူများပြောကြားချက်အရ သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။