Trending Now

မြစ်ကြီနားမြို့တွင် ဓါတ်လှေကား ၊စက်လှေကားများပါဝင်ပြီး အထပ်အမြင့် ၇ ထပ်ပါ ငြိမ်းချမ်းရေး ဓါတ်တော်တိုက်စေတီ တည်ထားကိုးကွယ်မည်

Spread the love

မြစ်ကြီနားမြို့တွင် ဓါတ်လှေကား ၊စက်လှေကားများပါဝင်ပြီး အထပ်အမြင့် ၇ ထပ်ပါ ငြိမ်းချမ်းရေး ဓါတ်တော်တိုက်စေတီ တည်ထားကိုးကွယ်မည်

EPN
မြစ်ကြီးနား၊ သြဂုတ် ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်၊ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်အနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဓါတ်လှေကား ၊စက်လှေကားများပါဝင်ပြီး အထပ်အမြင့် ၇ ထပ်ပါ ငြိမ်းချမ်းရေး ဓါတ်တော်တိုက်စေတီကို တည်ထားကိုးကွယ်သွားမည်ဖြစ်ကြောင်းသိရသည်။

“ကချင်ပြည်နယ်မှာ ပထမဦးဆုံးတည်ဆောက်တာဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာလည်း ပထမဦးဆုံးလို့ ပြောလို့ရတယ်၊ အပေါ်ဆုံးအထပ်မှာ ဘုရားရဲ့စွယ်တော်၊ အံတော်အစစ်တွေကို ဌာပနာသွားမယ် ဝန်းသိုဆရာတော်ကြီးလက်ထပ်ကတည်းက ဒါကိုလုပ်ဖို့အတွက်စီစဉ်ထားတာ အခုမှ ဒါကို အကောင်အထည် ဖော်ဖြစ်တာ” ဟု ဝန်းသိုကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ကေတုမာလာ(အဂ္ဂမဟာပဏ္ဍိတ)က မိန့်ကြားသည်။

အဆိုပါဓာတ်တော်တိုက်စေတီကို ဆန်ဖရန်စစ်စကိုမှ ဦးရော်ဘင်၊ဒေါ်စုနီတို့မှ မတည်လှူဒါန်းပေးထားခြင်းဖြစ်ပြီး ကချင်အထူးဒေသ (၁) ဥက္ကဌကြီး ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်း၊ ဖားကန့်ကျောက်မျက် ဥက္ကဌ ဦးဝမ်း (ခေါ်) ဦးဇော်လေးမြင့် ဘိုညွှန့်ရတနာ ကျောက်မျက်ကုမ္ပဏီမှ ဦးအောင်ကျော်မိုး ရန်ကုန်မြို့ သိရမဏိ ကျောက်မျက်ကုမ္ပဏီမှ ဦးထွန်းထွန်းတို့မှ ဝိုင်းဝန်းကူညီလှူဒါန်းထားပြီး လာမည့်၂၀၂၃ခုနှစ် နှစ်ကုန်တွင် ပြီးစီးရန် လျာထားကြောင်း ဆရာတော်မှ ထပ်မံ မိန့်ကြားသည်။

ယင်းဓာတ်တော်တိုက်စေတီတို့ လာရောက်ဖူးမျှော်မည့် ဘုရားဖူးဧည့်သည်များ အဆင်ပြေချောမွေ့စေရန် ဓာတ်လှေကားနှင့် ရိုးရိုးလှေကား နှစ်မျိုးလုံး ထည့်တွင်တည်ဆောက်သွားမည်ဖြစ်ပြီး ဓာတ်တော်တိုက်မှာ အမြင့်မှာ ပေ၁၈၀ ခန့်ရှိမှာဖြစ်ပြီး အကျယ်အဝန်းမှာ ပေ ၈၀ ပတ်လည် ရှိသည့်အပြင် ဘုရားဖူးဧည့်သည်များ အပန်းဖြေ အနားယူနိုင်‌စေရန် ပန်းဥယျာဉ်ကိုပါ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီကို ပန္နက်တော်တင် တွင်းတော်ဝန် အုတ်မြစ်တော်စီ မဟာမင်္ဂလာ အခမ်းအနားအား ပြီးခဲ့သည့် ဇွန်လ (၂၉)ရက်နေ့က ရှမ်းစုမြောက်ရပ်ကွက် ဓမ္မရက္ခိတ ဝန်သိုကျောင်းတိုက် ဧရာဝတီမြစ်ကမ်းဘေးတွင် ပြုလုပ်ခဲ့ပြီး လက်ရှိတွင် Foundation ကို စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ငြိမ်းချမ်းရေးဓါတ်တော်တိုက်စေတီသို့ ကုသိုလ်ပါဝင်လှူဒါန်းလိုသူများအနေဖြင့် သဲတစ်စီး လျှင် ၅၅၀၀၀ ကျပ်၊ ကျောက်လုံးကြီးတစ်စီးလျှင် ၆၅၀၀၀ ၊ သံကျောက်တစ်စီးလျှင် ၅၅၀၀၀၊ စကာ ကျောက်တစ်စီးလျှင် ၅၅၀၀၀ကျပ် ၊ဘိလပ်မြေတစ်အိတ် ၉၅၀၀ကျပ်၊ သံပင်(ဆိုဒ်စုံ)တစ်တန်လျှင် ၁၆၅၀၀၀၀ကျပ် ၊ အုတ်ကားတစ်စီးလျှင် ၄၀၅၀၀၀ကျပ် ၊ သစ်ကြမ်း(ဆိုဒ်စုံ )တစ်တန် ၅၀၀၀၀၀ ကျပ် ဖြင့် ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ၀၉ ၂၄၀၀၅၆၆၊ ၀၉၇၇၇၁၉၉၁၂၊ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ကသစ်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။