Trending Now

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အီးယူက အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုများ ထပ်မံလုပ်ဆောင်မည်ဟု သတိပေး

Spread the love

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အီးယူက အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုများ ထပ်မံလုပ်ဆောင်မည်ဟု သတိပေး

EPN

နိုင်ငံတကာ၊ အောက်တိုဘာ ၁၈

ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီး အများအပြားက အီရန်ဒရုန်းများကို ရုရှားထံ လွှဲပြောင်းပေးမှုနှင့်ပတ်သက်၍ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် တနင်္လာနေ့ (အောက်တိုဘာ ၁၇ ရက်) တောင်းဆိုခဲ့ကြပြီး အီရန်အပေါ် သီးခြားပိုင်ဆိုင်မှု ကန့်သတ်ချက်နှင့် ခရီးသွားလာခွင့် ပိတ်ပင်မှုတို့ကို ပြုလုပ်ဖို့ သဘောတူညီခဲ့ကြသည်။

မကြာသေးမီရက်သတ္တပတ်များအတွင်း အီရန်လုပ် Shahed-136 ဒရုန်းများဖြင့် ယူကရိန်းကို ရုရှားက တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ယူကရိန်းမှ သတင်းထုတ်ပြန်ခဲ့ပြီး ယူကရိန်းနိုင်ငံသားများကို သတ်ဖြတ်ခံရမှုအတွက် အီရန်မှာ တာဝန်ရှိသည်ဟု ယူကရိန်းအာဏာပိုင်များက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ယူကရိန်းကို ရုရှား ကျူးကျော်ပြီးကတည်းက ရုရှားနိုင်ငံကို မောင်းသူမဲ့လေယာဉ်တွေ ထောက်ပံ့ပေးခြင်းမရှိခဲ့ကြောင်း အီရန်က ငြင်းဆိုခဲ့သော်လည်း ရရုားက တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိပေ။

အီရန်ဒရုန်းတွေကို ရုရှားဆီ လွှဲပြောင်းပေးရန်အတွက် ဆွေးနွေးဖို့ရှိနေတာကြောင့် အက်စ်တိုးနီးယားနိုင်ငံခြားရေးဝန်ကြီး Urmas Reinsalu က “ပိတ်ဆို့အရေးယူမှုအသစ် ကို ချက်ချင်းလုပ်ဆောင်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။” လို့ မှတ်ချက်ပြုခဲ့သည်။

အီရန်နှင့် ၂၀၁၅ နျူကလီးယားသဘောတူညီချက်ပါရှိသည့် ပြင်သစ်နှင့် ဂျာမနီတို့ကလည်း မောင်းသူမဲ့လေယာဉ်များနှင့် ပတ်သက်၍ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ရန် လိုအပ်သည်ဟု ယုံကြည်ကြပြီး ဒရုန်းလွှဲပြောင်းမှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်မှုတစ်ခုအဖြစ် ရှုမြင်သင့်သည်ဟုလည်း ရှင်းလင်းပြောကြားခဲ့သည်။

Source – AFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။