Trending Now

မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်များအတွင်း ရေမြောင်းများရေစီးရေလာကောင်းမွန်စေရန် ရှင်းလင်း၊ဆယ်ယူနေမှုများကို ကချင်ပြည်နယ် သံယံဇာတရေးရာဝန်ကြီး ကြည့်ရှူ့စစ်ဆေး

Spread the love

မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်များအတွင်း ရေမြောင်းများရေစီးရေလာကောင်းမွန်စေရန် ရှင်းလင်း၊ဆယ်ယူနေမှုများကို ကချင်ပြည်နယ် သံယံဇာတရေးရာဝန်ကြီး ကြည့်ရှူ့စစ်ဆေး

EPN
မြစ်ကြီးနား ၊ မေ ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်း ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန် အမှိုက်များရှင်းလင်းခြင်း၊ ဆယ်ယူခြင်းများ ဆောင်ရွက်နေမှုများကို ယနေ့ မေလ (၁၆)ရက်နေ့၊ နေ့လည် (၂) နာရီခန့်က ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် သံယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ ကြည့်ရှူ့စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမဆောင်တွင် ပြည်နယ် သံယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်အား စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများမှ မြစ်ကြီးနားမြို့၏ ရေဆိုးနှင့် မိုးရေစွန့်ထုတ်မှု ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီး သံယံဇာတရေးရာဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်ပြောကြားပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များ၏ အဓိက ရေနုတ်မြောင်းများဖြစ်သည့် မြို့သစ်ကြီးရပ်ကွက်၊ မင်္ဂလာဘလီအနီးရှိ ရေမြောင်း၊ အောင်ဇေရန်အောင်ဘုန်းကြီးကျောင်းအနီးရှိ ရေမြောင်း၊ မြို့သစ်ကြီးစျေးအနီး ဂေါက်ကွင်းသွားလမ်းဘေးရှိ ရေမြောင်းနှင့် မြို့မစျေးဘေးရှိ ရေမြောင်း၊ သခင်နတ်ဖေလမ်းဘေး မလိခ ဝန်ထမ်းအိမ်ရာအနီးရှိ ရေမြောင်းများကို ပြည်နယ် သံယံဇာတရေးရာဝန်ကြီးနှင့် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများမှ ရှင်းလင်းနေမှုများအား လိုက်လံကြည့်ရှူ စစ်ဆေးခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။