Trending Now

မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံ အမြန်လမ်းကားမှောက်မူတွင် ကွယ်လွန်

Spread the love

မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံ အမြန်လမ်းကားမှောက်မူတွင် ကွယ်လွန်

EPN
မြစ်ကြီးနား၊ မတ် ၄

မြန်မာ့ရိုးရာလက်ဝှေ့ မြန်မာပြည်ချန်ပီယံဟောင်းရွှေဓူဝံ ဟာ ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုဖြစ်စဉ်အတွင်း ကွယ်လွန်သွားခဲ့ကြောင်း လူမှုကူညီရေးသား တစ်ဦးထံက သိရပါတယ်။

“ယာဉ်မတော်တဆမှုက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၁၆၇/၄ နဲ့ ၁၆၇/၅ ကြာမှာ ဖြစ်ပွားခဲ့တာပါ။ ရွှေဓူဝံအပါအဝင် သုံးဦး ပွဲချင်းပြီး သေဆုံးပါတယ်။ ရွှေဓူဝံဆိုတာကို သူနဲ့ပတ်သက်တဲ့ အသိုင်းအဝိုင်းက အတည်ပြုပေးထားပါတယ်။” ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရွှေဓူဝံ လိုက်ပါလာတဲ့ “ဒို့ညီနောင်” အဝေးပြေးခရီးသည်တင်(Express) ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားတဲ့ GUARD RAIL တန်းတွေကို တိုက်မိပြီး ဒီနေ့ မနက် ၅ နာရီအချိန်ခန့်က တိမ်းမှောက်မှုဖြစ်ပွဲတာလို့ သိရပါတယ်။

ယဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၁ ဦးအနက် ရွှေဓူဝံအပါအဝင် အမျိုးသား သုံးဦး သေဆုံးခဲ့တာလို့ သိရပါတယ်။

ထိခိုက် ဒဏ်ရာရရှိတဲ့ အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၁၀ ဦးတို့ကို လူမှုကူညီရေး အသင်းယာဉ်တွေနဲ့ ဆွာတိုက်နယ်ဆေးရုံ ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီအထဲက အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးဟာတော့ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။