Trending Now

အင်းတော်ကြီးကန်၏ ဂေဟစနစ်ထိခိုက်မူများ လျှော့ချရန်နှင့် သန့်ရှင်းသပ်ရပ်သော မိလ္လာစနစ် တည်ဆောက်ပေးရန် လျာထား

Spread the love

အင်းတော်ကြီးကန်၏ ဂေဟစနစ်ထိခိုက်မူများ လျှော့ချရန်နှင့် သန့်ရှင်းသပ်ရပ်သော မိလ္လာစနစ် တည်ဆောက်ပေးရန် လျာထား
EPN
အင်းတော်ကြီး၊ ဇူလိုင် ၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းရှိ အင်းတော်ကြီးကန် ရေညစ်ညမ်းမူနှင့် ဂေစနစ်ထိခိုက်မူများ လျော့ကျစေရန် FFI နှင့် အင်းချစ်သူအသင်းတို့ ပူးပေါင်း၍ သန့်ရှင်းသပ်ရပ်သော မိလ္လာစနစ်များ တည်ဆောက်ပေးရန်လျားထားသည်ဟု အင်းချစ်သူအသင်းထံမှ သိရသည်။ 
မိုးရာသီကာလတွင် အင်းတော်ကြီးကန်သို့ စီးဝင်သော ရေများပြားသောမူကြောင့် ကန်ရေမျက်နှာပြင်သည် (၅)ပေမှ(၉)ပေထိမြင့်တက်လာသောသဖြင့် ကန်ဘေးတွင် တည်ရှိသော အချို့ကျေးရွာအစိတ်အပိုင်းများသည် ရေလွှမ်းမိုးခြင်းခံရသည်။ ထိုသို့ရေလွှမ်းမိုးခံရသည့် လူနေအိမ်များမှ စနစ်တကျတည်ဆောက်ထားခြင်း မရှိသော မိလ္လာများမှ အညစ်အကြေးများသည် ကန်အတွင်းသို့ရောက်ရှိသွားပြီး ကန်ရေညစ်ညမ်းမူ၊ အညစ်အကြေးများမှ အာဟာရဓာတ်များကြောင့် ရေနေမှော်ပင်များဒေသအခေါ် ဘာပူစောင်ရေမှော်ပင်နှင့် ခွေးမှီးရေမှော်ရေညှိများပေါက်ရောက်တိုးပွားလာမူတို့ကြောင့် ကန်၏ဂေဟစနစ် ထိခိုက်တိမ်ကောမူများ တိုးပွားလျှက်ရှိသည်။ 

၎င်း အညစ်အကြေးများကြောင့် ကန်ရေညစ်ညမ်းမူများမဖြစ်စေရန်၊ ကန်၏ ဂေဟစနစ်ထိခိုက်မူများ လျှော့ချနိုင်ရန်နှင့် သန့်ရှင်းသပ်ရပ်သောမိလ္လာစနစ်ကို (လုံးတုံ) အင်းတော်ကြီးမြို့တွင် အလုံးရေ(၅၀)ဆယ်၊ တည်ဆောက်ပေးသွားမည်ဟု အင်းချစ်သူအသင်းမှ သိရသည်။
“စနစ်တကျတည်ဆောက်ထားခြင်းမရှိသော မိလ္လာကန်မှ အညစ်အကျေးများ ကန်ထဲရောက်ရှိသွားကြပြီး ကန်ရေညစ်ညမ်းမူများ ရေနေပင်များပေါက်ရောက်များပြားပြီး ကန်၏ဂေဟစနစ်များ ထိခိုက်မူများ လျော့ချရန်အတွက် ပြုလုပ်ရခြင်းဖြစ်တယ်” ဟု အင်းချစ်သူအသင်းဥက္ကဋ္ဌ ဇွဲဇော်ဇော်ဟိန်းမှ ပြောသည်။
စနစ်တကျ အညစ်အကြေးများစွန့်ပစ်တတ်စေရန် လူမူဝန်းကျင်နှင့် ပြည်သူကျန်းမာရေး အခြေအနေများ တိုးတက်စေရန်ကန်၏  အလှအပများ၊ တန်ဖိုးများထိန်းသိမ်းရန် ဂေဟစနစ်နှင့် ရေနေသက်ရှိများ ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်သည် ဟု သိရသည်။

ယခုတည်ဆောက်ရန် လျာထားသည့် သန့်ရှင်းသော မိလ္လာစနစ် ကြောင့် သန့်ရှင်းသောဝန်းကျင်နှင့် ကျန်းမာသောဝန်းကျင်ကို ရေရှည်အကျိုးခံစားရမည်ဖြစ်ပြီး ထို့ပြင်အညစ်အကြေးများ၏ ဆိုးကျိုးကြောင့် ဖြစ်သော ကန်၏ဂေဟစနစ်ထိခိုက်မူအားလျှော့နည်းလာပြီး သန့်ရှင်းသော သောက်သုံးရေရရှိမူနှင့် ငါးသယံဇာတပေါကြွယ်ဝလာမူစသည့် ကောင်းကျိုးများကိုခံစားနိုင်မည်ဟု လည်းသိရသည်။
မိုးရာသီကာလတွင် ရေလွှမ်းမိုးခြင်းခံရသော ကျေးရွာများမှာ အင်းတော်ကြီးမြို့(လုံးတုံ)ညောင်ပင်ရွာနှင့် ဟဲပါးရွာတို့ ဖြစ်သည်။
နေကြာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။