Trending Now

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံး ကျောင်းအပ်နှံမှုစတင်လက်ခံ

Spread the love

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံး ကျောင်းအပ်နှံမှုစတင်လက်ခံ

EPN
မြစ်ကြီးနား၊ မေ ၂၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာစာသင်ကျောင်းများတွင် ယနေ့ မေလ ၂၆ ရက်နေ့မှ စတင်ပြီး ကျောင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ထားသည်။

အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့ မှစတင်ပြီး ပုံမှန်စာသင်နှစ်အတိုင်း ပြန်လည်ဖွင့်လှစ်မှာဖြစ်သောကြောင့် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၆ ရက် မှ ဇွန် ၁ ရက်အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ကျောင်းအပ်နှံသည့် ကျောင်းသား/ ကျောင်းသူများကို အတန်းအလိုက် ကျောင်းသုံးပစ္စည်းများကို န.စ.က ထုတ်ပြန်ကြေညာထားသည့်အတိုင်း အခမဲ့ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းအပ်နှံရေးသီးတင်းပတ် ကာလအတွင်း လာရောက်အပ်နှံနိုင်ခြင်းမရှိသည့် ကျောင်းသား/ကျောင်းသူများကိုလည်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရက်ကန့်သတ်ချက်အနေဖြင့် အတိအကျသတ်မှတ်ထားခြင်းမရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း နှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံသားအားလုံး၏ သုံးပုံတစ်ပုံခန့်သည် အလယ်တန်းအဆင့် ပညာရေးကိုသာ သင်ကြားနိုင်ခဲ့ခြင်းကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားတိုင်း KG + 9 (အလယ်တန်းအဆင့်)ပညာပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။