Trending Now

ဟိုပင်မြို့ပေါ်တွင် ကျောင်းတက်ချိန်၌ ကျောင်းသား၊ ကျောင်းသူတစ်ချို့ ခွေးရူးကိုက်ခံရ၍ မြစ်ကြီးနား ဆေးရုံကြီးတွင် ဆေးကုသခံယူနေ

Spread the love

ဟိုပင်မြို့ပေါ်တွင် ကျောင်းတက်ချိန်၌ ကျောင်းသား၊ ကျောင်းသူတစ်ချို့ ခွေးရူးကိုက်ခံရ၍ မြစ်ကြီးနား ဆေးရုံကြီးတွင် ဆေးကုသခံယူနေ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပေါ်တွင် ဇူလိုင်လ ၂၅ ရက်နေ့၊ မနက် ၈နာရီခွဲ အချိန်ခန့် ကျောင်းတက်ချိန်တွင် ခွေးရူးတစ်ကောင် လိုက်လံကိုက်ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူနှင့် ဒေသခံတချို့ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း ပရဟိတလူမှုကူညီရေးအသင်းမှ သိရသည်။

ဇူလိုင်လ ၂၅ရက်နေ့၊ မနက်ပိုင်း ကျောင်းတက်ချိန်တွင် ဂတ်ကုန်းလမ်းနှင့် နန့်ရင်း လမ်းမကြီးတွင် ခွေးရူးတစ်ကောင် လိုက်လံကိုက်ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူ နှင့် ဒေသခံတစ်ချို့ ဟိုပင်ဆေးရုံမှ မြစ်ကြီးနားဆေးရုံကြီးသို့ ခွေးရူးပြန်ကာကွယ်ဆေးထိုးရန် အချိန်မီပို့ဆောင်ပေးခဲ့ရကြောင်း ဟိုပင်မျိုးချစ်မြန်မာလူငယ်မောင်မယ် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” မနက်ပိုင်း ကျောင်းတက်ချိန်မှာ ဘယ်ကခွေးလည်း မသိဘူး၊ လမ်းမှာတွေ့သမျှ နွား၊ ခွေး၊ လူတွေကို လိုက်ကိုက်နေတာ။ ခွေးရူးကိုက်လို့ မြစ်ကြီးနား ဆေးရုံကြီးကို ၉ ဦး ပို့ပေးခဲ့တယ်။ တစ်ချို့လည်း လိုင်းကား၊ အိမ်စီးကားတွေနဲ့ သွားကြတယ်။ မြစ်ကြီးနား ဆေးရုံကြီးမှာ ခွေးရူးကိုက်ခံရသူ ဆယ်ဦးလောက် ရှိမယ်ထင်တယ် ” ဟု ၎င်းကရှင်းပြသည်။

မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးတွင် ခွေးရူးအပြင်းထန် ကိုက်ခံရသည့် အမျိုးသားတစ်ဦး ဆေးကုသမှုခံယူနေရကြောင်းသိရပြီး အဆိုပါ အမျိုးသားအား ‌ကိုက်သောခွေးရူးကို သုတ်သင်ရှင်းလင်းခဲ့သော်လည်း ၎င်းခွေးရူးနှင့် လမ်းဘေးရှိ အပြန်အလှန် ကိုက်ခဲ့သည့် ခွေးများကို စောင့်ကြည့်ရန် လိုအပ်နေကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။