Trending Now

ကနေဒါလေတပ်မှ ဂျက်လေယာဉ်ပျက်ကျ၊ တစ်ဉီးသေ၊ တစ်ဉီး ဒဏ်ရာရ

Spread the love

ကနေဒါလေတပ်မှ ဂျက်လေယာဉ်ပျက်ကျ၊ တစ်ဉီးသေ၊ တစ်ဉီး ဒဏ်ရာရ

EPN
နိုင်ငံတကာ၊ မေ ၁၈

ကနေဒါနိုင်ငံအနောက်ပိုင်းတွင် ကနေဒါတော်ဝင်လေတပ်မှ ဂျက်လေယာဉ်တစ်စင်းပျက်ကျရာ လေယာဉ်အမှု ထမ်းတစ်ဉီး သေဆုံးခဲ့ပြီး အခြားသူတစ်ဉီးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

ကိုဗစ်-၁၉ရောဂါ တွန်းလှန်တိုက်ဖျက်ပေးသူများကို စိတ်ဓာတ်မြှင့်တင်ပေးရန် အနိမ့်ပျံသန်းနေစဉ် လေယာဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ကနေဒါမီဒီယာများက ဖော်ပြခဲ့ကြသည်။

အဆိုပါဂျက်လေယာဉ်သည် ဗြိတိသျှ ကိုလံဘီယာပြည်နယ်ကမ်းလော့စ်မြို့တော်၌ ဒေသစံတော်ချိန် မွန်းတည့်ချိန် တွင် ပျက်ကျသွားခြင်းဖြစ်သည်။

လေယာဉ်ပျက်ကျသည့်နေရာမှ အိမ်တစ်အိမ်မှာ မီးများတောက်လောက်နေသည်ကို ဓာတ်ပုံများက ပြသနေသည်။ အဆိုပါ လေယာဉ်သည် ကနေဒါလေတပ်ပိုင် လေယာဉ်တစ်စင်းဖြစ်ကြောင်း ကနေဒါမီဒီယာများက ဖော်ပြသည်။

ကနေဒါနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူပေါင်း ၇၈၀၀၀ရှိပြီး ၊ သေဆုံးသူ ၅၉၀၀ရှိကြောင်း ဂျွန် ဟော့ကင်းတက္ကသိုလ်က ပြောကြားသည်။

–ကိုးကား-
အန်အိတ်ချ်ကေ
Ref; Canadian air force plane crashes, one dead


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။