Trending Now

ဆွမ်းခံကြွပြန်လာတဲ့ သံဃာတစ်ပါး သေနတ်နဲ့ ပစ်ခတ်ခံရ

Spread the love

ဆွမ်းခံကြွပြန်လာတဲ့ သံဃာတစ်ပါး သေနတ်နဲ့ ပစ်ခတ်ခံရ

EPN
ရေစကြို ၊ မတ် ၁၀

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ထန်းဆယ်ပင်ကျေးရွာနားမှာ ဆွမ်းခံကြွပြီး ကျောင်းကိုပြန်ကြွလာတဲ့ သံဃာတစ်ပါးကို အကြမ်းဖက်သမားတွေက သေနတ်နဲ့ ပစ်ခတ်လုပ်ကြံတဲ့အတွက် ကျည်ဆံဖောက်ဝင် ဒဏ်ရာရရှိပြီး ဆေးရုံမှာ ဆေးကုသခံယူနေရတယ်လို့ ဒီကနေ့ မနက်ပိုင်းမှာ ဆရာတော်ရဲ့ ဒကာ ဒါယိကာမတွေဆီက သိရပါတယ်။

” ဆရာတော်က ထန်းဆယ်ပင်ကျေးရွာ ၊ မဟာဝိဇယရာမဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဒါစာရ သက်တော် (၆၃)နှစ်၊ ဝါတော် ၁၅ ဝါ(ဘ)ဦးစိန်လှ ဖြစ်တယ် ၊ အခုလ ၈ ရက်နေ့ မနက်ပိုင်းက ဆရာတော်က ရွာထဲကနေဆွမ်းခံကြွပြီး ကျောင်းကို ပြန်ကြွအလာ ၊ ကျောင်းနားအရောက်မှာ ်အမျိုးသား ၃ ဦးက ဆိုင်ကယ် ၂ စီးဖြင့်ရောက်လာပြီး ဆရာတော်ကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံတာဖြစ်တယ် ” လို့ ကျောင်းဂေါပက လူကြီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံ ပစ်ခတ်တဲ့အတွက် ဆရာတော်ရဲ့ဝဲရင်အုံအထက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက်သန်းကျည်ထိမှန်ဒဏ်ရာ ၁ ချက်ရပြီး ရေစကြိုမြို့နယ် ပြည်သူ့ဆေးရုံမှာ အရေးပေါ် အတွင်းလူနာအဖြစ် ဆေးကုသခံနေရတာ ဖြစ်ပါတယ်။

ဆရာတော်ကို သေနတ်နဲ့ ပစ်ခတ် လုပ်ကြံသွားတဲ့ အကြမ်းဖက်သမားတွေကို ရှင်းလင်းနိုင်ဖို့ ပခုက္ကူခရိုင် နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။