Trending Now

မြစ်ကြီးနားမြို့ရှိ တည်းခိုရိပ်သာတစ်ခုတွင် အမျိုးသားတစ်ဦး မှုးယစ်ဆေးဝါးအလွန်အကျွန်သုံးစွဲ၍ သေဆုံး

Spread the love

မြစ်ကြီးနားမြို့ရှိ တည်းခိုရိပ်သာတစ်ခုတွင် အမျိုးသားတစ်ဦး မှုးယစ်ဆေးဝါးအလွန်အကျွန်သုံးစွဲ၍ သေဆုံး

EPN
မြစ်ကြီးနား၊ သြဂုတ် ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တည်းခိုရိပ်သာတစ်ခုတွင် ယမန်နေ့ ဇူလိုင်လ (၃၁)ရက်နေ့ နံနက် (၇)နာရီခန့်က အမျိုးသားတစ်ဦး မှုးယစ်ဆေးဝါးအလွန်အကျွန်သုံးစွဲကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားသည် ဆင်ဘိုဘက်မှ အလုပ်လုပ်ပြီး နေအိမ်ရှိရာ မိုးကောင်မြို့သို့ ပြန်ရန်အတွက် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ စူပါဝမ်းတည်းခိုရိပ်သာတွင် ခေတ္တ တည်းခိုနေစဉ် ၎င်း၏ အိပ်ဆောင် (အခန်း)အတွင်း မှုးယစ်ဆေးဝါးအလွန်အကျွန်သုံးစွဲကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” အဲ့ဒီလူက ဆင်ဘိုဘက်ကနေ အလုပ်ပြီးလို့ သူ့အိမ်ပြန်လာတာပြောတယ်၊ မြစ်ကြီးနားမြို့မှ ညအိပ်ပြီးနားတာ၊ ညက အရက်တွေလဲသောက်ထားတယ်ထင်တယ် အရက်ပုလင်းလဲတွေ့တယ်၊ နောက်ပြီး မှုးယစ်ဆေးဝါးသုံးထားတဲ့ ဆေးထိုးအပ်တွေလဲတွေ့တယ်၊ အခုတော့ အလောင်းကိုတော့ ဆေးရုံကြီးပို့ထားလိုက်ပြီ ၊ ” ဟု ၎င်းကပြောသည်။

သေဆုံးသူမှာ မိုးကောင်မြို့နေ ၊ အသက် (၃၀) ဝန်းကျင် ကိုထိန်လင်း ဆိုသူဖြစ်ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား ၎င်း၏ မိသားစုဝင်များက ယနေ့နံနက်ပိုင်းတွင် လာရောက် သယ်ယူသွားခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း အလားတူဖြစ်စဉ်များများပြားလာပြီး ဇူလိုင်လ (၂၇)ရက်နေ့ကလည်း စီတာပူရပ်ကွက်အတွင်းရှိ ငွေပျော်လမ်း အနီးတွင် အမျိုသားတစ်ဦး မှုးယစ်ဆေးဝါးအလွန်အကျွန်သုံးစွဲကာ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။