Trending Now

အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ကျေးရွာသားတွေ စုပေါင်းပြီး အခြေခံ စစ်ပညာရပ်များ သင်ယူ

Spread the love

အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ကျေးရွာသားတွေ စုပေါင်းပြီး အခြေခံ စစ်ပညာရပ်များ သင်ယူ
EPN
ကလေး ၊ ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ လယ်ကြီးကျေးရွာ အပါအဝင် ကျေးရွာအများစုက လူငယ်တွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် အခြေခံ စစ်ပညာများကို သင်ယူလျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
” ရွာက လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတယ် ၊ ဒလန်လို့ စွပ်စွဲပြီး သတ်ခံရတဲ့သူ တနေ့ထက် တနေ့ပိုများလာတယ် ၊ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်နဲ့ နိုင်ငံရေးကို ရောကြိတ်တော့ ရွာဘက်တွေမှာ အထိနာလာတယ် ၊ အဲ့ဒါကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး အတွက် အခုလို စစ်ပညာရပ်တွေ သင်ယူနေတာပါ ” လို့ လယ်ကြီးရွာခံ တစ်ယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လကစလို့ ကလေးမြို့နယ် တောင်ပိုင်း ဂန့်ဂေါမြို့နယ်နဲ့ အကြား ၊ မြစ်သာမြစ်ရဲ့ အရှေ့ဘက်ကမ်း ၊ အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ် နယ်နိမိတ်အကြားရှိ ကျေးရွာအများစုမှာ အကြမ်းဖက်သမားများက လူသတ်တာ ၊ လူနေအိမ်တွေ မီးရှို့တာနဲ့ ပစ္စည်းတချို့ ယူငှင်တာတွေ အများဆုံးပြုလုပ်ခံရပြီးနောက်ပိုင်း အခုလို အခြေခံ စစ်ပညာရပ်တွေ သင်ယူနေကြတာဖြစ်တယ်လို့ သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။