Trending Now

ဖားကန့်မြေပြိုမှု၌ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့သည့် မိသားစုဝင်များကို တပ်မတော်မှ ငွေကျပ်သိန်း ၅၀၀ နှင့် စားသောက်ကုန်များ ထောက်ပံ့

Spread the love

ဖားကန့်မြေပြိုမှု၌ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့သည့် မိသားစုဝင်များကို တပ်မတော်မှ ငွေကျပ်သိန်း ၅၀၀ နှင့် စားသောက်ကုန်များ ထောက်ပံ့

EPN
ဖားကန့်၊ ဇူလိုင် ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအနီးမှာ ဇူလိုင်လ (၂)နေ့က သဘာဝဘေးအန္တရာယ်၊ မြေပြိုမှုကြောင့် ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိခဲ့တဲ့ မိသားစုဝင်များတွေကို တပ်မ တော် (ကြည်း၊ လေ၊ ရေ) မိသားစုဝင်များက ငွေကျပ်သိန်း(၅၀၀)အပြင် စားသောက်ကုန် လေးမျိုးကို ယနေ့ နံနက်ပိုင်းက သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။

ယမန်နေ့က ဖားကန့်မြေစာပြိုကျမှုဖြစ်စဉ်တစ်ခုမှာ သေဆုံးသူရေမဆေးသမား (၂၀၀)နီးပါရှိ တယ်လို့ သိရပြီး ဒဏ်ရာရရှိသူ ၂၀ဦးအထက် မနည်းရှိတယ်လို့ သိရပါတယ်။

အဲ့ဒီမြေစာပြိုကျမှုဖြစ်စဉ်မှာ သေဆုံး၊ထိခိုက်ဒဏ်ရာရှိခဲ့တဲ့ မိသားစုဝင်တွေကို တပ်မတော် (ကြည်း၊ လေ၊ ရေ) မိသားစုဝင်တွေက ထောက်ပံ့လှူဒါန်းတဲ့ ငွေကျပ်သိန်း (၅၀၀)နှင့် ဆန်အိတ်(၁၀၀)၊ ဆီ(၂၃၂)ပိဿာ၊ ဆား(၈၀)ပိသာ၊ ပဲ(၃၀၀)ပိဿာ စတဲ့ထောက်ပံ့ပစ္စည်းတွေကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗ်ိုလ်ချုပ်တဇကျော် ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

တပ်မတော်က ထောက်ပံ့တဲ့ငွေသားနှင့် စားသောက်ကုန်ထောက်ပံ့ခြင်းအခမ်းအနားကို ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ သယံဇတဝန်ကြီး ဦးဒါရှီလဆိုင်း တို့ တက်ရောက်ခဲ့ပါတယ်။

သတင်း-အောင်ဘူး
ဓါတ်ပုံ-နောနော်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။