Trending Now


Spread the love


EPN
မိုးညှင်း မတ်လ ၂၇


“ဆရာတော်ကြီးရဲ့စေတနာနဲ့ ပြုလုပ်စီစဉ်ပေးလို့ ရှင်ပြုပွဲမှာ အလှူ့ ဒါယိကာမတစ်ယောက်အဖြစ် ပါဝင်ခွင့်ရခဲ့သလို ကိုယ်ပိုင်အလှူမပြုနိုင်တဲ့ ကလေးတွေကို စုပေါင်းရှင်ပြုပေးတဲ့ဆရာတော်ကြီးကို ကျေးဇူးလည်းတင်ပါတယ်၊ ရှင်ပြုပွဲကိုယ်တိုင်လုပ်မယ်ဆိုရင် ကုန်ကျစရိတ်က မတတ်နိုင်ြ ကဘူး။ယခုလို ဆရာတော်က ပြုလုပ်ပေးတော့ ဝမ်းသာပီတိဖြစ်မိပါတယ်ဟု ထန်းတပင်ကျေးရွာမှ ၎င်းရှင်ပြုပွဲတွင် သားကို ရှင်ပြုရာတွင် ပါဝင်သူ ဒေါ်ယုချိုက ယခုလိုပြောပါတယ်။

မိုးညှင်းမြို့သာသနာ့ရွှေသစ်ပင်ကျောင်းတိုက်မှ အခမဲ့ပညာဒါနအဖြစ်သင်ကြားပေးသော စာသင်ကျောင်းသားများကို စာမေးပွဲအပြီး နွေရာသီကျောင်းပိတ်ရက်ဖြစ်သော ယခုလိုရက်မျိုးတွင် ရဟန်းခံရှင်ပြုသီလရှင်ဝတ်ပေးခဲ့သည်မှာ ယခုအကြိမ်နှင့်ဆို (၂)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်းနှင့် မိုးညှင်းမြို့တွင်းမှ ငွေကြေးမပြည့်စုံသော ကလေးများနှင့် မိဘမစုံ ၍ အကြောင်းအမျိုးမျိုးကြောင့် ရှင်မပြုနိုင်သောကလေးများ ၊ အရွယ်ရောက်သော်လည်း ရှင်မပြုရသေးသော ကလေးများကို၊ သာသနာ့ဘောင်သွတ်သွင်းပေးခြင်းဖြစ်ကြောင်း အဆိုပါကျောင်းတိုက်မှ ဆရာတော်က မိန့်ကြားခဲ့သည်။

အဆိုပါ ပဌာန်းအောင်ပွဲနှင့် ရဟန်းခံရှင်ပြုသီလရှင် ဝတ်ပွဲတွင် ကိုရင်(၄၄)ပါး၊ ရဟန်း(၁၇)ပါးနှင့် သီလရှင်(၁၂)ပါးတို့ကို သာသနာ့ဘောင်သို့ သွတ်သွင်းနိုင်ခဲ့သည်ဟု သိရသည်။

မိုးမြင့်
——————————————

သာသနာတော် အဓွန့်ရှည်စေရန်အတွက် ရဟန်းခံရှင်ပြုပွဲပြုလုပ်ပေးခြင်းဖြစ်သည်ဟု ရွှေသစ်ပင်ဆရာတော်မှ မိန့်ကြား

EPN
မိုးညှင်း မတ်လ ၂၇

ယနေ့ မတ်လ(၂၇)ရက်နေ၊့ နံနက်(၉)နာရီအချိန်က မိုးညှင်းမြို့နယ်၊ ထန်းတပင်ကျေးရွာရှိ သာသနာ့ရွှေသစ်ပင်ကျောင်းတိုက်တွင် ပြုလုပ်ကျင်းပသော ပဌာန်းအောင်ပွဲနှင့် ရဟန်းခံရှင်ပြုသီလရှင်ဝတ်ပွဲတွင် ဘုန်းကြီးရဟန်း ဝတ်ချင်သူနည်းပါးလာသည့်အတွက် ရဟန်းခံရှင်ပြုပွဲ ကို သာသနာအဓွန့်ရှည်စေတည်တန့်စေရန်နှင့် ရဟန်းစာသင်သား တိုးပွားစေရန် စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း အဆိုပါရဟန်းခံရှင်ပြုပွဲတွင် သာသနာ့ရွှေသစ်ပင်ကျောင်းတိုက်ဆရာတော် ဦးတိဏ္ဏောဘာသ က မိန့်ကြားခဲ့သည်။

“ဆရာတော်ကြီးရဲ့စေတနာနဲ့ ပြုလုပ်စီစဉ်ပေးလို့ ရှင်ပြုပွဲမှာ အလှူ့ ဒါယိကာမတစ်ယောက်အဖြစ် ပါဝင်ခွင့်ရခဲ့သလို ကိုယ်ပိုင်အလှူမပြုနိူင်တဲ့ ကလေးတွေကို စုပေါင်းရှင်ပြုပေးတဲ့ဆရာတော်ကြီးကို ကျေးဇူးလည်းတင်ပါတယ်၊ ရှင်ပြုပွဲကိုယ်တိုင်လုပ်မယ်ဆိုရင် ကုန်ကျစရိတ်က မတတ်နိူင်ြ ကဘူး။ယခုလို ဆရာတော်က ပြုလုပ်ပေးတော့ ဝမ်းသာပီတိဖြစ်မိပါတယ်ဟု ထန်းတပင်ကျေးရွာမှ ၎င်းရှင်ပြုပွဲတွင် သားကို ရှင်ပြုရာတွင် ပါဝင်သူ ဒေါ်ယုချိူက ယခုလိုပြောပါတယ်။

မိုးညှင်းမြို့သာသနာ့ရွှေသစ်ပင်ကျောင်းတိုက်မှ အခမဲ့ပညာဒါနအဖြစ်သင်ကြားပေးသော စာသင်ကျောင်းသားများကို စာမေးပွဲအပြီး နွေရာသီကျောင်းပိတ်ရက်ဖြစ်သော ယခုလိုရက်မျိုးတွင် ရဟန်းခံရှင်ပြုသီလရှင်ဝတ်ပေးခဲ့သည်မှာ ယခုအကြိမ်နှင့်ဆို (၂)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်းနှင့် မိုးညှင်းမြို့တွင်းမှ ငွေကြေးမပြည့်စုံသော ကလေးများနှင့် မိဘမစုံ ၍ အကြောင်းအမျိုးမျိုးကြောင့် ရှင်မပြုနိူင်သောကလေးများ ၊ အရွယ်ရောက်သော်လည်း ရှင်မပြုရသေးသော ကလေးများကို၊ သာသနာ့ဘောင်သွတ်သွင်းပေးခြင်းဖြစ်ကြောင်း အဆိုပါကျောင်းတိုက်မှ ဆရာတော်က မိန့်ကြားခဲ့သည်။

အဆိုပါ ပဌာန်းအောင်ပွဲနှင့် ရဟန်းခံရှင်ပြုသီလရှင် ဝတ်ပွဲတွင် ကိုရင်(၄၄)ပါး၊ ရဟန်း(၁၇)ပါးနှင့် သီလရှင်(၁၂)ပါးတို့ကို သာသနာ့ဘောင်သို့ သွတ်သွင်းနိူင်ခဲ့သည်ဟု သိရသည်။

မိုးမြင့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။