Trending Now

ဗန်းမောက်မြို့နယ်တွင်စိုက်ပျိုးကြသောနွေမြေပဲများ နူတ်ခြွေချိန် အဆက်မပြတ်ရွာသွန်းနေသောမိုးကြောင့် မြေပဲစိုက်တောင်သူးများအခက်အခဲ့ဖြင့်ကြုံတွေ့နေရ

Spread the love

ဗန်းမောက်မြို့နယ်တွင်စိုက်ပျိုးကြသောနွေမြေပဲများ နူတ်ခြွေချိန် အဆက်မပြတ်ရွာသွန်းနေသောမိုးကြောင့် မြေပဲစိုက်တောင်သူးများအခက်အခဲ့ဖြင့်ကြုံတွေ့နေရ

EPN
ဗန်းမောက် မေ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးလက်ဒေတစ်ချို့နှင့် မြို့အနီးအနားပတ်ဝန်းကျင်တို့၌ စိုက်ပျိုးကြသော တစ်နိုင်တစ်ပိုင်နွေမြေပဲများ နုတ်ခြွေချိန်ရောက်ရှိနေသော်လည်း အဆက်မပြတ်ရွာသွန်းနေသောမိုးကြောင့် ယခုအခါ နွေမြေပဲစိုက်တောင်သူများမှာနုတ်ခြွေရိတ်သိမ်းရန်အခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့နေကြရကြောင်းသိရသည်။

အိမ်မိသားစုစားသုံးရန်နှင့်တစ်ဖက်တစ်လမ်းမှစားဝတ်နေရေးပြေလည်စေရန်အတွက် တစ်နိုင်တစ်ပိုင်နွေမြေပဲများကို ဇန်နဝါရီလပထမပတ်မှစ၍စိုက်ပျိုးကြပြီးမြေဆီ မြေနှစ်မြေသြဇာများကောင်းမွန်ကြသဖြင့်မြေပဲများအောင်မြင်ဖြစ်ထွန်း၍နုတ်ခြွေရိတ်သိမ်းရန်အချိန်ရောက်သော်လည်းမေလ၁ရက်နေ့မှစကာယနေ့အချိန်ထိမိုးအဆက်မပြတ်ရွာသွန်းနေမူများကြောင့်မြေပဲခင်များရေနှစ်မြုတ်နေ၍မြေပဲနူတ်ခြွေသူများနှင့်မြေပဲစိုက်တောင်သူများအခက်အခဲဖြင့်ကြုံတွေ့နေရပြီးနူတ်ခြွေရိတ်သိမ်းထားကြသောမြေပဲများမှာနေပူလှန်ထားရခြင်းမရှိသဖြင့်ပုပ်သိုးကာဆုံးရူံးပျက်စီးသွားမှာကိုလည်းစိုးရိမ်လျှက်ရှိကြကြောင်းတောင်သူများထံမှသိရသည်။

“မိုးတွေကအဆက်မပြတ်ရွာနေတော့၊ပဲခင်းထဲမှာရေတွေပြည့်နေတယ်၊တစ်ချို့ချောင်းကမ်းနားမှာစိုက်တဲ့မြေပဲခင်တွေကရေတွေမြုတ်ကုန်ကြတယ်၊ရေတွေမြုတ်တော့မြေပဲနုတ်ခြွေတဲ့သူတွေကသိပ်မလုပ်ခြင်ကြဘူး၊ရေတွေနဲ့အခက်အခဲဖြစ်ကြတာကို၊ကိုယ်မြေပဲအိမ်မြန်မြန်ရောက်အောင်လို့၊ပြီးခဲ့တဲ့နှစ်ကထက်၊နုတ်ခြွေခပိုပေးပြီးတော့ဌါရတယ်၊ပြီးတော့နူတ်ခြွေပြီးတာမြေပဲတွေကလဲနေကမပူတော့မလှန်းထားရပြန်တော့၊ပုတ်သိုးပြီးပျက်စီးဆုံးရူံမှာကိုစိုးရိမ်ရပြန်ရော့၊ဒီနှစ်ကတော့၊ဒီမိုးနဲ့အတော်လေးဒုက္ခရောက်ကြရတယ်၊ပဲဈေးနဲ့ပဲဆီဈေးကတော့ကောင်းပါရဲ့၊မြေပဲကဘယ်လောက်ရမလဲတော့မသိသေးဘူး”ဟုရွှေကျောင်းရွာနေမြေပဲစိုက်တောင်သူတစ်ဦးမှပြောသည်။

ဗန်းမောက်မြို့နယ်တွင်နွေမြေပဲများကိုလယ်ယာမြေများ၊ချောင်းကမ်းဘေးရှိနူံးမြေကောင်းသောယာမြေများနှင့်ကိုင်းကျွန်းမြေများတို့၌ကျွဲနွားများနှင့်ထွန်စက်များကိုအသုံးပြု၍ထွန်ယက်ကာမျိုးမြေပဲစေ့များအာကြဲပက်စိုက်ပျိုးခြင်းနှင့်တူရွင်း၊ဓါးများဖြင့်တူးဆွပြီးအစေ့ချစိုက်ပျိုးကြခြင်းဖြစ်ပြီးပေါင်းမြက်များနှစ်ကြိမ်ရှင်းလင်းပေးကာရေတစ်ကြိမ်သွင်းပေးခြင်းအားဖြင့်ရက်၁၀၀ကျော်ကြာပါကအပင်တစ်ပင်တွင်မြေပဲဥတစ်ပြည်ခန့်ထွက်ရှိကာတစ်ဧကလျှင်ပျမ်းမျှတင်း၉၀ကျော်မှတင်း၁၀၀ကျော်ထိထွက်ရှိကြကြောင်းသိရသည်။

မြေပဲပေါ်ချိန်တွင် ယင်ခင်နှစ်များက မြေပဲတောင့်တစ်တင်းလျှင် ကျပ်ငွေ၁၃၀၀၀ထိ ရောင်းချရသောကြောင့် တစ်နိုင်တစ်ပိုင် နွေမြေပဲစိုက်တောင်သူများ တစ်နှစ်လျှင် ကျပ်ငွေ၁၅သိန်မှ သိန်း၂၀ထိရရှိကြသဖြင့် စီးပွားရေးများ တွက်ခြေကိုက်လျှက်ရှိကြရာမှ ယခုနှစ်တွင် မြေပဲတောင့်တစ်တင်းလျှင် ကျပ်၁၆၀၀၀ဈေးရှိပြီး မြေပဲဆီ(၁၀)ပိဿတစ်ပုံလျှင်ကျပ်(၁၀၀၀၀၀)ကျော်ထိ ရောင်းချရကြောင်းသိရသည်။

လိူင်ဘွား

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။