Trending Now

PDF အဖွဲ့ဝင်များက “အောင်ကျော်မိုး” အဝေးပြေးခရီးသည်တင်ကားကို မိုင်းဖြင့်ဖောက်ခွဲ တိုက်ခိုက်ပြီးနောက် သေနတ်များဖြင့်ပစ်ခတ်

Spread the love

PDF အဖွဲ့ဝင်များက “အောင်ကျော်မိုး” အဝေးပြေးခရီးသည်တင်ကားကို မိုင်းဖြင့်ဖောက်ခွဲ တိုက်ခိုက်ပြီးနောက် သေနတ်များဖြင့်ပစ်ခတ်

EPN
ဘီးလင်း၊ ဧပြီ ၅ (၂၀၂၄)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် PDF အဖွဲ့ဝင်များမှ ယမန်နေ့ (ဧပြီ ၄ ရက်)၊ ညပိုင်းက “အောင်ကျော်မိုး” အဝေးပြေးခရီးသည်တင်ကားကို မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ပြီးနောက် သေနတ်များဖြင့်ပစ်ခတ်ခဲ့ကြကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့၊ ည ၉ နာရီခန့်က PDF အဖွဲ့ဝင်များသည် ရန်ကုန်-မော်လမြိုင်သွား ကားလမ်းအတိုင်း သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ ခရီးသည်များ တင်ဆောင်မောင်းနှင်လာသည့် “အောင်ကျော်မိုး” အဝေးပြေးခရီးသည်တင်ကားအား ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီးရှိ မိုင်တိုင်အမှတ် ၁၃၁/၁ နှင့် ၁၃၁/၂ ကြားအရောက် မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ပြီးနောက် သေနတ်များဖြင့်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် ကားပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး၊ အမျိုးသား (၂)ဦးနှင့် အသက် (၁၇)နှစ်အရွယ်ရှိ အ မျိုးသမီး တစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရနှင့်မစိုးရိမ်ရ)များ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာ ရသူများအား နောင်ဘိုလူမှုကူညီရေးအသင်းမှ သိမ်ဆိပ်တိုက်နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် “အောင်ကျော်မိုး” အဝေးပြေးခရီးသည်တင်ကား၏ ဘေးပတ်လည်မှန်များနှင့် ကိုယ်ထည်များ မိုင်းစထိမှန်ခြင်းနှင့် ကျည်ထိမှန်မှုများ ဖြစ်ပေါ်ခဲ့ကာ လုံခြုံရေးအဖွဲ့ဝင်များမှလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။