Trending Now

မုိးေကာင္းတြင္ အေထာက္အထားမဲ့ဝင္ေရာက္ လာေသာတ႐ုတ္နိုင္ငံသား ၄ဦးကုိ ဖမ္းဆီးရမိ

Spread the love

မုိးေကာင္းတြင္ အေထာက္အထားမဲ့ဝင္ေရာက္ လာေသာတ႐ုတ္နိုင္ငံသား ၄ဦးကုိ ဖမ္းဆီးရမိ
EPN
မိုးေကာင္း၊ ေဖေဖၚဝါရီ၂၆
မရမ္ကေထာင္ပူးေပါင္းစစ္ေဆးေရးဂိတ္၌ အေထာက္အထားမဲ့ဝင္ေရာက္လာေသာတ႐ုတ္နိုင္ငံသား(၄)ဦး ဖမ္းဆီးရမိေၾကာင္းမိုးေကာင္းၿမိဳ႕မ
ရဲစခန္းမွသိရသည္။
ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္မရမ္ကေထာင္ေက်း႐ြာရွိ မရမ္ကေထာင္ပူးေပါင္းစစ္ေဆးေရးဂိတ္၌ေဖေဖၚဝါရီ-၂၅ရက္နံနက္ ၁၁း၃၀နာရီအခ်ိန္ခန္႔က ခမရ(၃၈၁)မွ ဗိုလ္ႀကီးစိုးမိုး ဦးစီးတပ္ဖြဲ႕ဝင္မ်ား၊ မိုးေကာင္းၿမိဳ႕မရဲစခန္းမွရဲအုပ္ သိန္းျမင့္ ဦးစီးတပ္ဖြဲ႕ဝင္မ်ားသည္ယာဥ္ဝင္/ထြက္စစ္ေဆးေဆာင္႐ြက္ေနစဥ္ ျမစ္ႀကီးနားၿမိဳ႕မွဖားကန္႔ၿမိဳ႕သို႔ ယာဥ္ေမာင္း ေအာင္လင္းေမာင္းႏွင္ၿပီး ေအာင္ထြန္းမင္းလိုက္ပါလာေသာ ယာဥ္အား စစ္ေဆးရာ ၎ယာဥ္ေပၚတြင္ တ႐ုတ္နိုင္ငံသား(၄)ဦးအား ျမန္မာနိုင္ငံသို႔ ဝင္ေရာက္ရန္ မည္သည့္လက္မွတ္အေထာက္အထားတစ္စုံတစ္ရာ ျပသနိုင္ျခင္းမရွိဘဲ တင္ေဆာင္လာသျဖင့္ ၎တို႔ကုိ မိုးေကာင္းၿမိဳ႕မရဲစခန္းသို႔ ေခၚေဆာင္ေမာင္းႏွင္ၿပီး သက္ေသမ်ားေရွ႕တြင္ရွာေဖြစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထုိသုိ႔စစ္ေဆးရာ ၎ယာဥ္ေပၚတြင္လိုက္ပါလာေသာ တ႐ုတ္နိုင္ငံသား စိမ္းစန္းက်ီး(၂၉)ႏွစ္၏ အေႏြး
ထည္အက်ီအတြင္းမွ တ႐ုတ္ယြမ္ေငြ(၄၄၃)ယြမ္ VIVO အမ်ိဳးအစားအျဖဴေရာင္ဖုန္း(၁)လုံးLILAWTI အမ်ိဳးအစား နီ/နက္ေရာင္ဖုန္း (၁)လုံး၊ လ်ဴ စင္ရွန္း(၄၄)ႏွစ္၏ ခႏၶာကိုယ္ေပၚမွတ႐ုတ္
ယြမ္ေငြ(၄၅၀)ယြမ္ HUAWEI အမ်ိဳးအစား အျဖဴေရာင္ဖုန္း(၁)လုံး၊ လီဝင္း႐ႊင္(၅၂)ႏွစ္၏ အနက္ေရာင္ပိုက္ဆံအိတ္အတြင္းမွ ျမန္မာေငြစကၠဴ (၂၂၀၀၀၀)က်ပ္၊ OPPO အမ်ိဳးအစား အျဖဴေရာင္ဖုန္း(၁) လုံး၊ ရန္ဟုန္ေရွာက္(၄၉)ႏွစ္၏ အနက္ေရာင္ပိုက္ဆံအိတ္အတြင္းမွ တ႐ုတ္ယြမ္ေငြ(၆၄၀)ယြမ္ OPPO အမ်ိဳးအစားဖုန္း(၁)လုံးတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့သည္။
ဆက္လက္၍ ယာဥ္ေမာင္းေအာင္လင္း(၄၅)ႏွစ္အားစစ္ေဆးရာ တရုတ္နိုင္ငံသား(၄)ဦးအား ကန္ပိုက္တည္နယ္စပ္မွ ဖားကန႔္ၿမိဳ႕သို႔အခေၾကးေငြယူေဆာင္ကာ တင္ေဆာင္ေမာင္းႏွင္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဦးစီးဌာန ဦးစီးမွဴ းဦးLေယာ္ထုန္မွတရားလိုျပဳလုပ္၍စိမ္းစန္းက်ီး လ်ဴ စင္ရွန္း လီဝင္း႐ႊင္ ရန္ဟုန္ေရွာက္ႏွင့္ယာဥ္ေမာင္းေအာင္လင္း ေအာင္ထြန္းမင္းတို႔အားမိုးေကာင္းၿမိဳ႕မရဲစခန္း၌(ပ)၁၈/၂၀၁၉၊ လဝကအက္ဥပေဒပုဒ္မ၁၃(၁) ၁၃(၂) ၁၃(၅)ျဖင့္အမႈဖြင့္အေရးယူထားေၾကာင္းသိရသည္။
ခ်ိဳေမာင္
————————————————
မိုးကောင်းတွင် အထောက်အထားမဲ့ဝင်ရောက် လာသောတရုတ်နိုင်ငံသား ၄ဦးကို ဖမ်းဆီးရမိ
EPN
မိုးကောင်း၊ ဖေဖေါ်ဝါရီ၂၆
မရမ်ကထောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ အထောက်အထားမဲ့ဝင်ရောက်လာသောတရုတ်နိုင်ငံသား(၄)ဦး ဖမ်းဆီးရမိကြောင်းမိုးကောင်းမြို့မရဲစခန်းမှသိရသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မရမ်ကထောင်ကျေးရွာရှိ မရမ်ကထောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ဖေဖေါ်ဝါရီ-၂၅ရက်နံနက် ၁၁း၃၀နာရီအချိန်ခန့်က ခမရ(၃၈၁)မှ ဗိုလ်ကြီးစိုးမိုး ဦးစီးတပ်ဖွဲ့ဝင်များ၊ မိုးကောင်းမြို့မရဲစခန်းမှရဲအုပ် သိန်းမြင့် ဦးစီးတပ်ဖွဲ့ဝင်များသည်ယာဉ်ဝင်/ထွက်စစ်ဆေးဆောင်ရွက်နေစဉ် မြစ်ကြီးနားမြို့မှဖားကန့်မြို့သို့ ယာဉ်မောင်း အောင်လင်းမောင်းနှင်ပြီး အောင်ထွန်းမင်းလိုက်ပါလာသော ယာဉ်အား စစ်ဆေးရာ ၎င်းယာဉ်ပေါ်တွင် တရုတ်နိုင်ငံသား(၄)ဦးအား မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် မည်သည့်လက်မှတ်အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ တင်ဆောင်လာသဖြင့် ၎င်းတို့ကို မိုးကောင်းမြို့မရဲစခန်းသို့ ခေါ်ဆောင်မောင်းနှင်ပြီး သက်သေများရှေ့တွင်ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ ၎င်းယာဉ်ပေါ်တွင်လိုက်ပါလာသော တရုတ်နိုင်ငံသား စိမ်းစန်းကျီး(၂၉)နှစ်၏ အနွေး
ထည်အကျီအတွင်းမှ တရုတ်ယွမ်ငွေ(၄၄၃)ယွမ် VIVO အမျိုးအစားအဖြူရောင်ဖုန်း(၁)လုံးLILAWTI အမျိုးအစား နီ/နက်ရောင်ဖုန်း (၁)လုံး၊ လျူ စင်ရှန်း(၄၄)နှစ်၏ ခန္ဓာကိုယ်ပေါ်မှတရုတ်
ယွမ်ငွေ(၄၅၀)ယွမ် HUAWEI အမျိုးအစား အဖြူရောင်ဖုန်း(၁)လုံး၊ လီဝင်းရွှင်(၅၂)နှစ်၏ အနက်ရောင်ပိုက်ဆံအိတ်အတွင်းမှ မြန်မာငွေစက္ကူ (၂၂၀၀၀၀)ကျပ်၊ OPPO အမျိုးအစား အဖြူရောင်ဖုန်း(၁) လုံး၊ ရန်ဟုန်ရှောက်(၄၉)နှစ်၏ အနက်ရောင်ပိုက်ဆံအိတ်အတွင်းမှ တရုတ်ယွမ်ငွေ(၆၄၀)ယွမ် OPPO အမျိုးအစားဖုန်း(၁)လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ ယာဉ်မောင်းအောင်လင်း(၄၅)နှစ်အားစစ်ဆေးရာ တရုတ်နိုင်ငံသား(၄)ဦးအား ကန်ပိုက်တည်နယ်စပ်မှ ဖားကန့်မြို့သို့အခကြေးငွေယူဆောင်ကာ တင်ဆောင်မောင်းနှင်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူ းဦးLယော်ထုန်မှတရားလိုပြုလုပ်၍စိမ်းစန်းကျီး လျူ စင်ရှန်း လီဝင်းရွှင် ရန်ဟုန်ရှောက်နှင့်ယာဉ်မောင်းအောင်လင်း အောင်ထွန်းမင်းတို့အားမိုးကောင်းမြို့မရဲစခန်း၌(ပ)၁၈/၂၀၁၉၊ လဝကအက်ဥပဒေပုဒ်မ၁၃(၁) ၁၃(၂) ၁၃(၅)ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။