Trending Now

ပါကစ္စတန်မှာ အသေခံဗုံးခွဲလို့ လူ ၆၃ ဦး သေဆုံးကာ ၁၅၃ ဦး ဒဏ်ရာရ

Spread the love

ပါကစ္စတန်မှာ အသေခံဗုံးခွဲလို့ လူ ၆၃ ဦး သေဆုံးကာ ၁၅၃ ဦး ဒဏ်ရာရ

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၃၁

ပါကစ္စတန် အနောက်မြောက်ပိုင်းမြို့တော် ပီရှာဝါမြို့ရှိ ဗလီတစ်ခုမှာ မနေ့က အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၆၃ ဦး သေဆုံးကာ ၁၅၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

တနင်္လာနေ့ ကဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ဒဏ်ရရှိခဲ့သူ အချို့ဟာ ဒီနေ့ မနက်အစောပိုင်းက သေဆုံးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကိုတော့ ဗလီအပျက်အစီးတွေကြားက ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိသူ ၁၅၇ ဦးထက်မနည်း ကုသမှုခံယူနေရဆဲဖြစ်ပြီး ယင်းတို့အနက် ၁၅ ဦး ခန့်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် သေဆုံးသူဦးရေး တိုးလာမှာကို စိုးရိမ်နေရကြောင်း ဆေးရုံက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ရဲအရာရှိ သုံးဦး နဲ့ အခြားရဲဝန်ထမ်းတွေအပြင် အရပ်သား၊ ဆုတောင်းပွဲခေါင်းဆောင်နဲ့ ဗလီအနီးရှိ အိမ်တစ်အိမ်က အမျိုးသမီးတစ်ဦးတို့ ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လူအချို့ဟာ ဗလီအပျက်အစီးတွေ အောက်မှာ ပိတ်မိနေဆဲဖြစ်လို့ ခေတ်မီနည်းပညာအကူအညီတွေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ဆင်ဟွာကို ပြောပါတယ်။

အသေခံ ဗုံးခွဲသူရဲ့ အဓိက ပစ်မှတ်ဟာ အကြမ်းဖက် နှိမ်နင်းရေးဌာနက ရဲဝန်ထမ်းတွေဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ရာနာ ဆူလာနာ ခမ်းက ပြောပါတယ်။

မြို့တော် ရဲတပ်ဖွဲ့က အဆိုပါ တိုက်ခိုက်မှုကို လုံခြုံရေး အားနည်းမှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ဗုံးခွဲသူဟာ လုံခြုံစိတ်ချရတဲ့ ဧရိယာအတွင်းကို ဘယ်လိုဝင်ရောက်လာတယ်ဆိုတာ သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဧရိယာပြင်ပကို လက်ရှိအချိန်အထိ ပိတ်ဆို့ထားပြီး ဖြစ်ရပ်နဲ့ ပတ်သက်လို့ အလုံးစုံ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဒေသတွင်း သတင်းတွေအရ ဝတ်ပြုဆုတောင်းသူတွေ ရပ်နေစဉ် ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ အင်္ကျီကို ဖောက်ခွဲခဲ့တဲ့ အသေခံဗုံးခွဲသမားရဲ့ ဦးခေါင်းကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အလွှာပေါင်းစုံက လူတွေက ဒီတိုက်ခိုက်မှုကို ရှုတ်ချပြီး အကြမ်းဖက်သမားတွေကို ပြတ်ပြတ်သားသား အရေးယူဖို့ နဲ့ အစိုးရကို အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုကို တိုက်ဖျက်ဖို့အတွက် ခေတ်မီလက်နက်တွေ တပ်ဆင်ပေးရေး အပါအဝင် အကြမ်းဖက်သမားတွေကို ပြတ်ပြတ်သားသား အရေးယူဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

ပါကစ္စတန်သမ္မတ Arif Alvi က အဆိုပါတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ထိခိုက်ခံစားခဲ့ရသူတွေနဲ့ ထပ်တူ အလွန်ဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်ပြောဆိုခဲ့သလို ဒီတိုက်ခိုက်မှုကို ဦးဆောင်တဲ့ ဘယ်သူမဆို ပါကစ္စတန်တို့ ရန်သူအဖြစ် သတ်မှတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ Tehrik-e-Taliban Pakistan (TTP) အဖွဲ့က အဆိုပါတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ဗုံးခွဲသမားက ဖောက်ခွဲရေးပစ္စည်း ၇ ကီလိုဂရမ်နဲ့ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

— ကိုးကား —
xinhua
ref; 63 killed, over 157 injured in suicide blast in Pakistan’s Peshawar

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။