Trending Now

မိုးညှင်းမြို့နယ် မော်ဟန်ဒေသ နန့်မချီကျောက်စိမ်းမှော်ဘက်မှ ပြန်လာသည့် လူငယ်နှစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

မိုးညှင်းမြို့နယ် မော်ဟန်ဒေသ နန့်မချီကျောက်စိမ်းမှော်ဘက်မှ ပြန်လာသည့် လူငယ်နှစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မိုးညှင်း၊ မတ် ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ဒေသ၊ နန့်မချီကျောက်စိမ်းမှော်ဘက်မှ ဆိုင်ကယ်စီးပြန်လာသည့် လူငယ်နှစ်ဦးထံမှ စိတ်ကြွးရူးသွပ်ဆေးပြား (၃၆၀၀)ပြားတွေ့ရှိရသဖြင့် ဥပဒေနှင့်အညီ အရေးယူထား
ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ (၂၃)ရက်နေ့ ညနေ (၆)နာရီ (၅)မိနစ် အချိန်ခန့်တွင် မိုးညှင်းမြို့ မူးယစ်တပ်ဖွဲ့စု (၃)မှ ရဲအုပ် မျိုးသက်ထွန်းနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ မော်ဟန်ကျေးရွာနှင့် နန့်မချီကျောက်စိမ်းမှော်သွားလမ်း နတ်စင်ကုန်းအနီးတွင် ရှောင်တခင်စစ်ဆေးမှု ပြုလုပ်ခဲ့ကြသည်။

အဆိုပါ နန့်မချီကျောက်စိမ်းမှော်ဘက်မှ မင်းခန့်စည်သူ မောင်းနှင်ပြီး လွင်မိုးလိုက်ပါလာသော KENBO 125 အစိမ်းပုတ်ရောင် ယာဉ်အမှတ် ၄၇ယ/၇၁၃၅၃ နံပါတ်ပါ ဆိုင်ကယ်အား တားဆီးစစ်ဆေးခဲ့ရာ လွင်မိုး ဝတ်ဆင်ထားသော အနက်ရောင် ဂျင်းဘောင်ဘီနှင့် ခန္ဓာကိုယ်အကြားတွင် သိုဝှက်သယ်ဆောင်လာသော အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်း အပြာရောင်ကပ်ခွါအိတ်ထဲမှ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား (၂၀၀)ပြားစီပါ (၁၈)ထုပ် စုစုပေါင်းဆေးပြား (၃၆၀၀)ပြားတို့အား ရှာဖွေတွေ့ရှိခဲ့သဖြင့် ရဲအုပ် မျိုးသက်ထွန်းမှ ဥပဒေနှင့်အညီ သိမ်းဆည်းခဲ့‌ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လွင်မိုး (၁၉)နှစ်၊ (ဘ) ဦးတင့်လွင်၊ စီးမော်ကျေးရွာ၊ မော်လူးမြို့၊ အင်းတော်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနေထိုင်သူနှင့် မင်းခန့်စည်သူကျော် (၂၀)နှစ်၊ (ဘ) ဦးချစ်တင်၊ စီးမော်ကျေးရွာ၊ မော်လူးမြို့၊ အင်းတော်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနေထိုင်သူတို့အား မိုးညှင်းမြို့မရဲစခန်းမှ မယ(ပ) ၅၀/၂၀၂၀ မူးယစ်ဆေးဝါး ဥပဒေပုဒ်မ-၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုရေးဖွင့်ကာ အမှုစစ်အဖြစ် မော်ဟန် ရဲကင်းစခန်းမှူး ရဲအုပ် စိုးလွင်က စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။