Trending Now

ထိုင်း-မြန်မာနိုင်ငံနှစ်နိုင်ငံတက္ကသိုလ်များအကြား ၂၀၂၂ ခုနှစ်ကုန်ထိ နားလည်မှုစာချွန်လွှာ (၆၀) ခန့် လက်မှတ်ရေးထိုးခဲ့

Spread the love

ထိုင်း-မြန်မာနိုင်ငံနှစ်နိုင်ငံတက္ကသိုလ်များအကြား ၂၀၂၂ ခုနှစ်ကုန်ထိ နားလည်မှုစာချွန်လွှာ (၆၀) ခန့် လက်မှတ်ရေးထိုးခဲ့

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၁

ထိုင်းနိုင်ငံရှိ တက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ်များအကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ နားလည်မှုစာချွန်လွှာပေါင်း ၆၀ ခန့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ပညာရေးဝန်ကြီး H.E. Prof. Anek Laothamatas နှင့် ထိုင်းနိုင်ငံ ပညာ ရေးကိုယ်စားလှယ်အဖွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံရှိ တက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ်များအကြား ပညာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ နှစ်နိုင်ငံတက္ကသိုလ်များအကြား နားလည် မှုစာချွန်လွှာပေါင်း ၆၀ ခန့် လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ကျောင်းသားဖလှယ်ရေး၊ ဆရာဖလှယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များ၊ သုတေသနပူးပေါင်း ဆောင်ရွက်မှုများ၊ သုတေသန စာတမ်းဖတ်ပွဲများ၊ ညီလာခံများ၊ ဆွေးနွေးပွဲများကို ပိုမိုအားပေး ဆောင်ရွက်လိုပါကြောင်း၊ ယခု ခရီးစဉ်တွေ့ဆုံမှုမှအစပြု၍ အဏုဇီဝဗေဒ၊ အဏ္ဏဝါသိပ္ပံ၊ စားသောက်ကုန်ပညာ၊ စိုက်ပျိုး မွေးမြူရေးပညာ၊ ငါးလုပ်ငန်းပညာ၊ ရာသီဥတု ပြောင်းလဲမှုလေ့လာရေးပညာ၊ ခရီးသွားလုပ်ငန်းပညာ၊ ဘာသာစကား သင်ကြားသင်ယူမှု၊ ဆရာအတတ်ပညာ၊ နည်းပညာသုံး သင်ကြားမှု နည်းစနစ်များ၊ သင်ကြားမှု အရည်အသွေး ထိန်းသိမ်းမှု၊ အရည်အသွေး အာမခံမှု စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ပညာရေးဝန်ကြီးက မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနသို လာရောက်သော ခရီးစဉ်သည် နှစ်နိုင်ငံ ဝန်ကြီးဌာနအချင်းချင်းချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ပညာ ရပ် နယ်ပယ်များကို သိရှိနိုင်ရန် လာရောက်ခြင်းဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ တက္ကသိုလ်များအတွက် လိုအပ်မည့်ကဏ္ဍများတွင် ပူးပေါင်းကူညီနိုင်ပါကြောင်း၊ မိမိတို့ ဝန်ကြီး ဌာနနှစ်ခုအကြား ဆက်သွယ်ပူးပေါင်းမှု ကွန်ရက်တည်ဆောက်ကြမည်ဖြစ်ကြောင်း ပြောကြားသည်။

ထိုနောက် တက်ရောက်လာသူများက ပညာရေးတိုးတက်မှုဆောင်ရွက်နေခြင်းနှင့် ဆက်လက်ပူးပေါင်းဆောင် ရွက်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားကာ ဝန်ကြီးဌာနအဆင့် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး ရေးကိစ္စကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။