Trending Now

လာချိဒ်ရိုးရာစာပေယဉ်‌ေကျးမှုဗဟို‌ေကာ်မတီ တစ်နှစ်ပြည့်နှစ်ပတ်လည်ဆုံညီပွဲသို့ သယံဇာတဝန်ကြီးဦးတိန့်ဆောင်တတ်ရောက်

Spread the love

လာချိဒ်ရိုးရာစာပေယဉ်‌ေကျးမှုဗဟို‌ေကာ်မတီ တစ်နှစ်ပြည့်နှစ်ပတ်လည်ဆုံညီပွဲသို့ သယံဇာတဝန်ကြီးဦးတိန့်ဆောင်တတ်ရောက်

EPN
ဝိုင်းမော် ၊ဧပြီ၂၉

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအတွင်းရှိ လာချိဒ်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ တစ်နှစ်ပြည့်နှစ်ပတ်လည်ဆုံညီပွဲအား ဧပြီလ ၂၈ရက်နေ့ကပြုလုပ်ခဲ့ရာ အဆိုပါ ဆုံညီတွေ့ဆုံပွဲသို သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တတ်ရောက်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

လာချိဒ်ရိုးရာစာပေနှင့်ယဉ်ကျေးမှုများအား လာချိဒ်လူငယ်များသို့ လက်ဆင့်ကမ်းဆက်လက်ထမ်းဆောင်ကြရန် ပြည်နယ်သယံဇာတရေးရာဝန်ကြီးမှ မှာကြားခဲ့ကြောင်း လာချိဒ်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီတာဝန်ရှိသူတစ်ဦးကပြောသည်။

“မနေ့က လာချိဒ်ရိုးရာကွင်းမှာ တစ်နှစ်ပြည့်နှစ်ပတ်လည်ဆုံညီပွဲပြုလုပ်တယ် အဲ့ပွဲကို ပြည်နယ်သယံဇာတဝန်ကြီး ဦးတိန့်ဆောင်တတ်ရောက်မှားကြားခဲ့တာတွေရှိတယ် ဘာတွေလည်းဆိုတော့ လာချိဒ်လူငယ်တွေအနေနဲ့ လက်ဆင့်ကမ်းတာဝန်ယူကြဖို့ ရိုးရာနဲ့စာပေယဉ်ကျေးမှုတွေကို ဆက်လက်ထိန်းသိမ်းကြဖို့ တိုင်းရင်းသားညီကိုမောင်နှတွေအေးချမ်းစွာအတူတကွနေထိုင်စေ
လိုရေးနောက်ပြီးနိုင်ငံတော်ရဲ့လမ်းညွှန်မှုနဲ့ ပညာရေးဆုံးခမ်းတိုင်အောင် တတ်ကြဖို့အတူးမှာကြားခဲ့တယ်”ဟု ၎င်းကပြောသည်။

အဆိုပါ‌နှစ်ပတ်လည်တွေ့ဆုံပွဲအား လေးနှစ်တစ်ကြိမ်ပြုလုပ်တာမျိုးဖြစ်ပြီး ယခုဆုံညီတွေဆံုမှုဟာ လေးနှစ်သက်တမ်းပြည့် တစ်နှစ်ပြည့် အထိန်းမှတ်အဖြင့် သက်ဆိုင်လာချိဒ်ရိုးရာစာပေယဉ်ကျေးမှုဗဟို‌ေကာ်မတီအဖွဲ့ဝင်များ လာချိဒ်လူငယ်များတတ်ရောက်ခဲ့ကြပြီး လာချိဒ်ရိုးရာစာပေယဉ်ကျေးမှုအမွေအနှစ်များဆက်လက်ထိမ်းသိန်းကြရန်နှင့် ရှေ့လုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်များ ဆွေးနွေးတိုင်ခဲ့‌ကြကြောင်းသိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။