Trending Now

ပုဂံရှေးဟောင်းယဉ်ကျေးမှု ဘုရားများမှ ရုပ်တု ခိုးယူသူအချို့ ဖမ်းဆီးရမိ

Spread the love

ပုဂံရှေးဟောင်းယဉ်ကျေးမှု ဘုရားများမှ ရုပ်တု ခိုးယူသူအချို့ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ ဧပြီ ၂၉

ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှု မြို့တော်ရှိ ဘုရားအမှတ် ၇၁၆ နှင့် ၄၁၈ တို့တွင် ဘုရားဆင်းတု တော်၏ ပလ္လင်ရှိ သဲကျောက်ရုပ်တုအချို့အား ဖြုတ်ခိုးခံရမှုဖြစ်စဉ် နဲ့ ပတ်သတ်ပြီး တရားခံ ၆ ဦး ကို ဖမ်းဆီးရမိမူသည် ဟု ရှေးဟောင်းသုတေသနဌာန နင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနာခွဲ) ထံမှ သိရသည်။

ပျောက်ဆုံးသဲကျောက်ရုပ်တုများ ပြန်လည်ရရှိရေး၊ အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ပုဂံ နယ်မြေရဲစခန်းမှူးအဖွဲ့၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့၊ တပ်မတော်မိုင်း ရှာဖွေရေးအဖွဲ့များနှင့် ပူးပေါင်း၍ ရှာဖွေကြိုးပမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှေ့ဟောင်းရုပ်တု ခိုးယူသူများမှာ ညောင်ဦး၊ မြင်းကပါ၊ ဝက်ကြီးအင်း စသည့် ဒေသများမှဖြစ်ပြီး ခိုးယူထားသည့်ပစ္စည်းအချို့ကိုလည်း ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။