Trending Now

အဆိုတော် အီတိုး ထောင် ဒဏ် ၃ နှစ်ချမှတ်ခံရ

Spread the love

အဆိုတော် အီတိုး ထောင် ဒဏ် ၃ နှစ်ချမှတ်ခံရ
EPN
မြစ်ကြီးနား ၊ သြဂုတ် ၄
ပုဒ်မ ၅၀၅ -က ဖြင့် တရားစွဲဆိုခံထားရသည့် အဆိုတော် အီတိုးကို ယနေ့ သြဂုတ်လ ၄ ရက်နေ့တွင် တရားရုံးမှ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။
အဆိုတော် အီတိုးအပါအဝင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က လက်လုပ်မိုင်းတွေ့ရှိမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ယင်းနောက် အောက်တိုဘာ ၁၉ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့ပြီး တစ်ရက်အကြာတွင် ပြန်လည် ဖမ်းဆီးကာ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။