Trending Now

ကချင်ပြည်နယ်၌ ဧပြီလအတွင်း မီးလောင်မှု ၁၃ ကြိမ် အထိ ဖြစ်ပွားခဲ့

Spread the love

ကချင်ပြည်နယ်၌ ဧပြီလအတွင်း မီးလောင်မှု ၁၃ ကြိမ် အထိ ဖြစ်ပွားခဲ့

EPN
မြစ်ကြီးနား၊ မေ ၈

ကချင်ပြည်နယ်၌ ဧပြီလအတွင်း မီး​လောင်မှု (၁၃) ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း ပြည်နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ပြည်နယ် မီးသတ်ဦးစီးဌာနမှူးရုံး၏ စာရင်းများအရ မြစ်ကြီးနားခရိုင်တွင် ( ၃)ကြိမ်၊ ဗန်းမော်ခရိုင်တွင် ( ၃)ကြိမ်၊ ပူတာအိုခရိုင်တွင် (၁ )ကြိမ်နှင့် မိုးညှင်းခရိုင်တွင် (၆)ကြိမ် စုစုပေါင်း (၁၃) ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယင်းမီးလောင်မှုများကြောင့် လူနေအိမ် (၁၅)လုံးအထိ ဆုံးရှူံးခဲ့​ပြီး မီးလောင်မှုဖြစ်စဥ်တွင် မီးဖိုမီးကြောင့် သုံးကြိမ်၊ ပေါ့ဆမီးကြောင့် လေးကြိမ်၊ လျှပ်စစ်မီးကြောင့် လေးကြိမ်၊ ရှိ့မီးကြောင့် တစ်ကြိမ်၊ တောမီးကြောင့် တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ယင်းမီးလောင်မှုများကြောင့် တိရိစ္ဆာန် အကောင်ရေ (၅၀၀) သေဆုံးခဲ့ပြီး စုစုပေါင်းဆုံးရှူံးမှု တန်ဖိုး ငွေကျပ်သိန်း (၂၃၇၆၄၀၀၀) ဆုံးရှူံးခဲ့ကြောင်း ပြည်နယ်မီးသတ် ဦးစီးဌာနမှူးရုံးမှ သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။