Trending Now

မိုးညှင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် ၁၃ လုံး ပျက်စီး

Spread the love

မိုးညှင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် ၁၃ လုံး ပျက်စီး

EPN
မြစ်ကြီးနား၊ မတ် ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း မတ် ၁၈ ရက် ညနေ၆ နာရီ ခန့်က အချိန်အခါမဟုတ် လေပြင်းများတိုက်ခတ်လာပြီး မိုးသည်ထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်(၁၃)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်လာမှုကြောင့် မိုးညှင်းမြို့နယ် ဟဲလုံကျေးရွာအုပ်စုတွင် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် ပျဉ်ထောင်အိမ် (၉)လုံးနှင့် မြေစိုက်အိမ် (၄)လုံး စုစုပေါင်း လူနေအိမ် (၁၃)လုံးပျက်စီးခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှု၊ မိုးသီးကြွေမှု၊ မိုးသည်ထန်မှုများကြောင့် လူနေအိမ်အများစုမှာ အိခေါင်မိုးများ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှု တစ်စုံတစ်ရာမျှမရှိကြောင်း သိရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။