Trending Now

မိုဘိုင်းငွေပေးချေမှု စနစ်များ အားလုံး အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်သည့် Digital Payment Switch (Myanmar Pay) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

Spread the love

မိုဘိုင်းငွေပေးချေမှု စနစ်များ အားလုံး အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်သည့် Digital Payment Switch (Myanmar Pay) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

EPN
နေပြည်တော်၊ အောက်တိုဘာ ၂၀ (၂၀၂၃)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများ၊ လမ်းညွှန်ဆုံးဖြတ်ပေးရမည့် အချက်များနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို အောက်တိုဘာ ၁၉ရက်နေ့၊ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး မိုဘိုင်းငွေပေးချေမှုစနစ်များအားလုံး အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်သည့် Digital Payment Switch (Myanmar Pay) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက အမျိုးသားငွေပေးချေမှုစနစ် မဟာဗျူဟာ (National Payment System Strategy 2020-2025) အရ ဒစ်ဂျစ်တယ်ငွေပေး ချေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုဘိုင်းငွေပေးချေမှုစနစ်များ အားလုံးအပြန်အလှန် ချိတ်ဆက်ပေးချေနိုင်သည့် Digital Payment Switch (Myanmar Pay) ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရန်လိုအပ်ကြောင်း၊ အဆိုပါ စနစ်အကောင်အထည်ဖော်ပြီးစီးပါက ငွေပေးချေမှုများအား လုံခြုံစိတ်ချလျင်မြန်စွာ ဆောင်ရွက်နိုင်ပြီး ငွေပေးချေမှုစနစ်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် ငွေသားကိုင်တွယ် မှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဖြေရှင်းရမည့် အချက်အလက်များကို တင်ပြရန် ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ နည်းပညာကျွမ်းကျင်သူများနှင့် PayPlus Co.Ltd တို့မှ တာဝန်ရှိ သူများက လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဆွေးနွေးအကြံပြုခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ နည်းပညာကျွမ်းကျင်သူများနှင့် PayPlus Co., Ltd မှ အကြီးတန်း စီမံခန့်ခွဲသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အမရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။