Trending Now

အီရန်နိုင်ငံက ကိုဗစ်-၁၉ လူနာများအတွက် ပြည်တွင်းဖြစ် အသက်ရှူ ကိရိယာများ ထုတ်လုပ်

Spread the love

အီရန်နိုင်ငံက ကိုဗစ်-၁၉ လူနာများအတွက် ပြည်တွင်းဖြစ် အသက်ရှူ ကိရိယာများ ထုတ်လုပ်

EPN
နိုင်ငံတကာ၊ မေ ၁၀

ကိုရိုနာဗိုင်းရပ်စ် လူနာများအတွက် အသုံးပြုရန် ပထမဆုံးသော ပြည်တွင်းဖြစ် အသက်ရှူကိရိယာများကို အီရန်နိုင်ငံက ထုတ်ဖော်ပြ လိုက်ပြီဟု သိရသည်။

အီရန်ကုမ္ပဏီတစ်ခုဖြစ်သည့် Pooyandegan-e Raahe Saadat က ကျန်းမာရေးဆိုင်ရာကိရိယာများ တင်သွင်းမှုအတွက် အီရန်နိုင်ငံ အပေါ် အမေရိကန်နိုင်ငံ၏ ကန့်သတ်ချက်များ ပြုလုပ်ထားစဉ် အသက်ရှူ ကိရိယာ များ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။

အီရန်နိုင်ငံရှိ ဆေးရုံများက ကိုဗစ်-၁၉ ရောဂါ ကုသပေးရန် ယခင်က ပြည်ပမှတင်သွင်းလာသည့် အသက် ရှူကိရိယာများကို မှီခိုခဲ့ရသည်။ သို့သော်လည်း စက်တင်ဘာလအတွင်း ကိုရိုနာဗိုင်းရပ်စ် အဆိုးဝါးဆုံးဖြစ်ပွားလျင် အီရန်နိုင်ငံတွင် အသက်ရှူကိရိယာများ ပြတ်လပ်သွားဖွယ်ရှိသည်ဟု သိရသည်။

အသက်ရှူကိရိယာ ပြတ်လပ်မှုဖြေရှင်းရန် အစွမ်းကုန် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းဖြစ် အ သက်ရှူကိရိယာများက ပြည်ပကုမ္ပဏီများထုတ်လုပ်သည့် အသက်ရှူကိရိယာများကဲ့သို့ အရည်အသွေးကောင်း မွန်ကြောင်း Pooyandegan-e Raahe Saadat ကုမ္ပဏီက ပြောသည်။

အတည်ပြု ကူးစက်လူနာ ၁၀၀၀၀၀ ကျော်နှင့် သေဆုံးသူ ၆၅၀၀ ကျော်ကြောင့် အီရန်နိုင်ငံမှာ အရှေ့အ လယ်ပိုင်းဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ် အဆိုးရွားဆုံးခံရသည့် တိုင်းပြည်တစ်ခုဖြစ်သည်။

–ကိုးကား–

ဆင်ဟွာ
Ref; Iran unveils indigenous ventilator for COVID-19 patients


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။