Trending Now

နန့်ယားပြည်သူ့စစ်ခေါင်းဆောင် တစ်ဦး နေအိမ်ရှေ့တွင် ပစ်သတ်ခံရ

Spread the love

နန့်ယားပြည်သူ့စစ်ခေါင်းဆောင် တစ်ဦး နေအိမ်ရှေ့တွင် ပစ်သတ်ခံရ

EPN
ဖားကန့် ၊ စက်တင်ဘာ ၂၀

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်ရှိ နန့်ယား ပြည်သူစစ်ခေါင်းဆောင်တစ်ဦးသည် ၎င်း၏ နေအိမ်သို့ ပြန်လာစဉ် KIA လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့ မနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ဖြစ်စဉ်မှာ နန့်ယားပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းမှာ ယနေ့မနက် ၇နာရီအချိန်ခန့်က ညကင်းစောင့် အပြီး နန့်ယားဈေးအနောက်ဘက်ရှိ ၎င်း၏ နေအိမ်အနီးသို့ ပြန်ရောက်စဉ် ဆိုင်ကယ်နှစ်စီးဖြင့် အသင့် စောင့်ဆိုင်းနေသည့် KIA လေးဦး မှ ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းအား သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဦးထွန်း က ညကင်းစောင့်ပြီး မနက် ၇ နာရီလောက်မှာ သူအိမ်ကို ပြန်လာတာ သူ့အိမ်နားရောက်တော့ ဆိုင်ကယ်နှစ်စီးနဲ့ အသင့်စောင့်နေတဲ့ ကေအိုင်အေ လေးယောက်က ဦးထွန်းကို သေနတ်နဲ့ပစ်တာ သေနတ်ဒဏ်ရာကတော့ ခြောက်ချက်တောင်ထိတယ် ပြီးတော့ ဦးထွန်ကိုင်လာတဲ့ သေနတ်ကိုလည်း သူတို့ပဲ ယူသွားတယ်။” ဟု ၎င်းကပြောသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းသည် သေနတ်ဒဏ်ရာကြောင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း လုံးခင်းမှ နန့်ယားသို့ ကာဖြင့် ပြန်လာသည့် နန့်ယားပြည်သူ့စစ်ခေါင်းဆောင် ဦးမျိုးမင်းထွန်းကိုလည်း ကေအိုင်အေအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ ဦးမျိုးမင်းထွန်း၏ အလောင်းကို ပြန်လည်ရရှိခြင်းမရှိသေးကြောင်း သိရသည်။

ပိုင်ကြီး
photo – google

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။